ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

 

ပဲခူး ဇန်နဝါရီ  ၁


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖလား ၂၈ မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသား အမျိုး သမီး  ပြေးခုန်ပစ်ပြိုင်ပွဲ  ဗိုလ်လုပွဲ နှင့်     ဆုချီးမြှင့်ပွဲကို     ပဲခူးမြို့    ဥဿာမြို့သစ်  အားကစားကွင်း၌   ဒီဇင်ဘာ   ၂၉ ရက်က ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းနှင့်    တိုင်းဒေသကြီး ဝန်ကြီးများ၊  ဌာနဆိုင်ရာများက          ကြည့်ရှု အားပေးကြသည်။

 


အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျင်းပ ခဲ့ပြီး  ကျား/မ မီတာ ၁၅၀၀၊ မီတာ ၈၀၀ ၊ မီတာ ၄၀၀၊ မီတာ ၂၀၀ ၊ မီတာ ၁၀၀ အပြေး ပြိုင်ပွဲများ၊ ကျား/မ အလျားခုန်၊ ကျား/မ   သံလုံးပစ်၊   ကျား/မ သုံးဆင့်ခုန်၊  ကျား/မ  လှံတံပစ်၊ ကျား/မ   သံပြားပစ်၊    ကျား/မ တန်းမြင့်ခုန်၊ ကျား/မ မီတာ ၄၀၀ လက်ဆင့် ကမ်း၊ မီတာ ၁၆၀၀ လက်ဆင့်ကမ်း စသည့်   အားကစားနည်းများကို   တိုင်းဒေသကြီးအတွင်း  မြို့နယ် ၂၈ မြို့နယ်မှ   အားကစားသမား   ၃၂၀  တို့က    ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းနှင့်   ဆုရရှိသူများအား  တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ ကာ မြို့နယ် တစ်မြို့နယ်စီအတွက် ထောက်ပံ့ ငွေကျပ် ၁၅၀၀၀၀ စီ ဖြင့်  ၂၈ မြို့နယ်အတွက် ငွေ ကျပ် ၄၂ သိန်းကိုလည်း    တိုင်းဒေသ ကြီးအစိုးရအဖွဲ့က   ထောက်ပံ့ပေး ကြောင်း  သိရသည်။

တင်စိုး(ပဲခူး)