ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၉၃ ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်

 

ပဲခူး   မေ   ၇


ပဲခူးတိုင်းဒေသကြီးအတွင်း   ဧပြီလမှ  ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၀ ဒသမ ၁ ရာခိုင်နှုန်း သာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း   ကိုဗစ်-၁၉    ရောဂါကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ၉၃    ရာခိုင်နှုန်း ကျော်       လွှမ်းခြုံထားနိုင်ပြီး       ဦးတည်အုပ်စု အလိုက် ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး  ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း      ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းက  ပြောကြား သည်။

 


ယမန်နေ့  မွန်းလွဲပိုင်းက   ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ    လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၂)တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 


ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးထိုးနှံရန်  ကျန်ရှိသူများအနက်   တိုင်းကျော်/နယ်ကျော် သွားရောက်သူများကို ရောက်ရှိနေသည့် မြို့နယ်များနှင့်ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံ နိုင်ရေး ဆောင်ရွက်မှသာ  တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးနှံရန်    ကျန်ရှိသူဦးရေ  လျော့ကျ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေနှင့် ဦးတည်အုပ်စုအလိုက်  ၁၀၀ ရာခိုင်နှုန်း အပြည့်ထိုးနှံနိုင်ရေး   ဆောင်ရွက် သွားမည့်    အခြေအနေများကို    ရှင်းလင်းတင်ပြ ကြသည်။

 


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးက တိုင်းကျော်/ နယ်ကျော် သွားရောက်သူ များ၏   စာရင်းဇယား   အချက်အလက်များအား   ရောက်ရှိနေသည့်    မြို့နယ်များနှင့်    ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည့် အခြေအနေများကို   လည်းကောင်း၊   တောင်ပိုင်း တိုင်းစစ်ဌာနချုပ်   ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် အောင်ခိုင်ချိုက မြေပြင်ကွင်းဆင်း ကာကွယ်ဆေး ထိုးနှံရာတွင်      တပ်မတော်ဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည့်  အခြေအနေ များကို   လည်းကောင်း   အကြံပြုဆွေးနွေးကြရာ     တိုင်းဒေသကြီး   ဝန်ကြီးချုပ်က   လိုအပ်သည်များ ဖြည့်စွက်မှာကြားကြောင်း သိရသည်။ 


သတင်းစဉ်