
ပဲခူး ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါလူနာများ အသုံးပြုရန်အတွက် ပဲခူး ပြည်သူ့ဆေးရုံကြီး အောက်ဆီဂျင်ဖြန့်ဖြူးရေးဌာနသို့ အောက်ဆီဂျင် လီတာ ၄၀ ဝင်အိုး အလုံးပေါင်း ၂၅၀ ရောက်ရှိဖြန့်ဖြူးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အောက်ဆီဂျင် လီတာ ၄၀ ဝင် အိုးများကို တရုတ်နိုင်ငံမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မှာယူဆောင်ရွက်ခြင်းဖြစ်ပြီး ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော ခရိုင်၊ မြို့နယ်များသို့ စနစ်တကျ အချိန်မီ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မျိုးမင်းထွန်း