
နေပြည်တော် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များအား လက်နက်တပ်ဆင် အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်း တွင် တောင်ငူလေတပ်စခန်း ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က လက်နက်များ တပ်ဆင်ပေးရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် တိုင်းမှူးတို့က ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ အား လက်နက်များ အပ်နှင်းပေး ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး တေဇကျော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်