
ပဲခူး ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ် နားကွင်း၌ ကျင်းပပြုလုပ်သော နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင် ဇန်နဝါရီ ၃ ရက်က ကျင်းပပြီးစီးခဲ့ ကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေ ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များ၊ ရပ်ကွက်များမှ ဓမ္မစကြာဝတ်ရွတ် အသင်းများနှင့် တရားနာပရိသတ်များ လာရောက် ကြပြီး ပဲခူးမြို့ သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဆရာတော်ဘဒ္ဒန္တသုန္ဒရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇ ဓမ္မာစရိယ ဆရာတော်ဘဒ္ဒန္တသုန္ဒရက အဓိပတိ လေးပါး တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်