
ပဲခူး ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
အစည်းအဝေးတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ဆပ်ကော်မတီများ ကို ဖွဲ့စည်းပေးထားပြီးဖြစ် ကြောင်း၊ ခရိုင်အလိုက် သစ်သီး ဝလံ ပန်းမန်ပြပွဲများထည့် သွင်းထားသကဲ့သို့ ဌာနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချသည့် ဈေးဆိုင်ခန်းများ၊ ပြပွဲ/ပြိုင်ပွဲများနှင့် ဆုပေးပွဲများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီ ၁၃ ခု ဥက္ကဋ္ဌများ၏ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်သွားမည့် တင်ပြ ဆွေးနွေးချက်များအပေါ်တိုင်းဒေသကြီး ဝန်ကြီးများက အကြံပြုတင်ပြကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဖြည့်စွက် မှာကြားကြောင်း သိရသည်။
သတင်းစဉ်