ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုအားပေး

ပဲခူး    ဩဂုတ်   ၁၁


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူး မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများမှ အလုပ်သမား များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ကြည့်ရှုအားပေး


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည်    ပဲခူးမြို့နယ်    စက်မှုဇုန်နယ်မြေအတွင်းရှိ စိန်ဟင်္သာစားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ၌ အလုပ်သမားဦးရေ ၁၅၀၊   Gread Men and Bell Mart အထည်ချုပ်စက်ရုံရှိ အလုပ်သမားဦးရေ ၂၀၀ ခန့်နှင့် PungKook လက်ကိုင်အိတ်နှင့် ကျောပိုးအိတ် ထုတ်လုပ်သည့်စက်ရုံရှိ အလုပ်သမားဦးရေ ၁၅၀၀ တို့အား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။ 
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပဲခူးတက္ကသိုလ်ဆေးရုံ၌ အောက်ဆီဂျင်လိုအပ် သော ကိုဗစ်-၁၉ ရောဂါ   ပြင်းထန်လူနာ ၆၁ ဦး တက်ရောက်ကုသနိုင်ရန် အောက်ဆီဂျင်ပိုက်လိုင်း များ   သွယ်တန်းပြီးစီးမှုနှင့်   Flow Meter  ၆၁ ခု တပ်ဆင်ပြီးစီးမှုအခြေအနေအား    ကြည့်ရှုစစ်ဆေး ခဲ့ပြီး အောက်ဆီဂျင်အိုးများ      သယ်ယူ/ပို့ဆောင်မည့် မော်တော်ယာဉ်တစ်စီး    စီစဉ်ပေးခဲ့ကာ     အိမ်သုံး အောက်ဆီဂျင်စက် လေးလုံးအား   ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ထံ     ပေးအပ်ခဲ့ကြောင်း   သိရ သည်။


ဖြည့်ဆည်းဆောင်ရွက်ပေး


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးဟောင်းသို့   ရောက်ရှိခဲ့ပြီး ယင်းအဆောက် အအုံအား တိုးချဲ့လူနာဆောင်အဖြစ် ဆောင်ရွက်နိုင် ရေးနှင့် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးဝင်း အတွင်းရှိ       ဂျိုးသိန်းနှစ်ထပ်လူနာဆောင်အား အောက်ဆီဂျင်ပိုက်လိုင်း ၄၀၊   Flow Meter ၄၀  တပ်ဆင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်စိုး(ပဲခူး)