
ပဲခူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့နယ် အတွင်း ဖွင့်လှစ်ထားသည့် ယာယီ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ စားသုံးကုန်များ ထပ်မံသွားရောက် ထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ ကလျာဏီသိမ်တော်ကြီး ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ကြေးနီကန်တိုက်အုပ် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများရှိ ရေဘေးသင့် ပြည်သူများကို သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားခဲ့ပြီး ထမင်း ထုပ်များ၊ ခေါက်ဆွဲခြောက်ထုပ် များ၊ ဆန်၊ ဆီ၊ အသား/ငါး၊ ဟင်းသီးဟင်းရွက်များ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက် အတွင်း ရေဝင်မှုများကို စက်လှေ များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖောင်တော်ဦး ဘုန်းတော်ကြီး ကျောင်းနှင့် အနောက်ရွှေနံ့သာ ဘုန်းတော်ကြီး ကျောင်းများရှိ ယာယီ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေး စကားပြောကြားကာ စားသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ပရဟိတအဖွဲ့များ က ထမင်း/ဟင်းချက်ပြုတ်နေမှု များအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ရေဘေးသို့ လာရောက်ကူညီ၍ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက် ရှိသည့် လူမှုကယ်ဆယ်ရေး အသင်း (ရန်ကုန်) နှင့် အခြား ပရဟိတ အသင်းများကို သွား ရောက်တွေ့ဆုံ၍ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)