
ပဲခူး ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက ညောင်လေးပင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို သွားရောက်ကြည့်ရှု အားပေး သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်လေးပင် မြို့နယ် ပြွန်တန်ဆာမြို့ အခြေခံ ပညာ အထက်တန်းကျောင်း၌ အသက် ၆၅ နှစ်နှင့်အထက် အဘိုး/အဘွားများနှင့် သံဃာ တော်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို သွားရောက်ကြည့်ရှု အားပေး သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်လေးပင် မြို့ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိပြီး သတ်မှတ်အုပ်စု ၁၂ စုအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးမှုကို ကြည့်ရှုအားပေးပြီး စေတနာ့ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ PPE Level(1) ၅၀၊ နှာခေါင်းစည်းဘူး ၅၀၊ လက်သန့်ဆေးရည်ဘူး ၅၀၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည် ထုပ်များကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာရုံးရှိ နေရပ်ပြန် မြန်မာနိုင်ငံသားများ လက်ခံရေးစခန်းသို့ ရောက်ရှိရာ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူများ ကျန်းမာရေး၊ တည်းခိုနေထိုင်ရေး နှင့် သယ်ယူပို့ဆောင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး(၃၉)မိုင်အနီး ဘောနတ်ကြီး-ဘုရားကြီးသွား လမ်းပေါ်၌ ကိုဗစ်- ၁၉ စစ်ဆေးရေးဂိတ် ဆောက်လုပ်သည့်နေရာကို ကြည့်ရှု စစ်ဆေးပြီး အချိန်မီပြီးစီးရေး နှင့် သတ်မှတ်ချက်များအတိုင်း ဆောက်လုပ်ရန် မှာကြားကြောင်း သိရသည်။
တင်စိုး(ပဲခူး)