
နေပြည်တော် မတ် ၁၉
(၇၇) နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန တံတား အထူးအဖွဲ့(၁၀)မှ တာဝန်ယူ တည်ဆောက်ပြီးစီးသည့် ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်- မုန်းလမ်းပေါ်ရှိ အရှည်ပေ ၆၂၀ စစ်တောင်းမြစ်ကူး တံတား (အုတ်ဖြတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်- ၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ် ထိန်ဝင်း၊ ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ တိုင်း / ခရိုင် / မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိ / ရပ်ဖများ၊ ဒေသခံပြည်သူ များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြ သည်။
ဦးစားပေးဆောင်ရွက်
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင်က မြန်မာနိုင်ငံ သည် တိုင်းရင်းသား ၁၃၅ မျိုးနှင့် စုစည်းညီညွတ်စွာ နေထိုင်ကြ သော ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး များ လူတန်းစေ့နေထိုင်နိုင်စေ ရန် အခြေခံအဆောက်အဦများ ဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင်ပါဝင်သော လမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်၍ လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ အပြန် အလှန် ကူးလူးဆက်သွယ် သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများရရှိစေမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက် ထားခြင်းဖြစ်သည့်အတွက် ဥပဒေ ပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ် ရေးကဏ္ဍများတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက် ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရ များပင် ဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင် ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက် ဖြစ်ပါကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
ပြည်ထောင်စုကြီး အတွင်း၌ ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအားလုံး အချိုးညီညီဖွံ့ဖြိုး တိုးတက်စေရန် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း။
လမ်းပန်းဆက်သွယ်မှု ကောင်း မွန်လာရေးအတွက် ဦးစားပေး ဆောင်ရွက်နိုင်ရန် ပထဝီနှင့် သဘာဝ အတားအဆီးဖြစ်သည့် နေရာများတွင် တံတားများ တည် ဆောက်ခြင်း၊ လမ်းများကိုလည်း ရာသီမရွေး သွားလာနိုင်အောင် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင် ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ထို့အပြင် မြို့ပြဒေသ များသာမက ဝေးလံခေါင်းပါးသည့် ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
အကျိုးဖြစ်ထွန်းစေမည့်
စီမံကိန်းများလိုအပ်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည် တည်တံ့ခိုင်မြဲရန်အတွက် အရည် အသွေးကောင်းမွန်ရေး၊ ဒေသ အတွက် အကျိုးဖြစ်ထွန်းမှု ရှိ / မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေများကို အသုံးပြုဆောင် ရွက်သော စီမံကိန်းများသည် ဒေသအကျိုးဖြစ်ထွန်းစေမည့် စီမံ ကိန်းများဖြစ်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးက အမှာစကား ပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက် မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့ကို ရှင်းလင်းပြော ကြားသည်။ ဆက်လက်၍ ဒေသခံ ပြည်သူတစ်ဦးက စစ်တောင်း တံတား(အုတ်ဖြတ်) ဖွင့်လှစ်ပေး သည့်အတွက် နိုင်ငံတော်အစိုးရ ကို ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် စစ်တောင်းတံတား (အုတ်ဖြတ်)အား ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်တောင်း တံတား(အုတ်ဖြတ်) ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်းတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီး တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ ကြသည်။
စစ်တောင်းတံတား(အုတ်ဖြတ်) သည် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်- မုန်းလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ ၆၂၀၊ နှစ်လမ်း မောင်း သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။ တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့် တည် ဆောက်ထားပြီး Super Stru-cture အပိုင်းကို ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မနှင့် သံကူ ကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည် ဆောက်ထားပြီး တံတား၏ ခံနိုင် ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်