ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေး

ပြည် ဇူလိုင် ၁၆
ပဲခူးတိုင်း       ဒေသကြီးအတွင်း    အခွန်ဘဏ္ဍာငွေ    ပိုမိုတိုးတက်ရရှိ ရေး၊    ပြေစာများအပေါ်   အခွန် အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက် စေရေး၊    အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့်    အခွန် လွတ်ကင်းမှုမရှိစေရေး    အခွန် ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့ သီရိခေတ္တရာ    ရတနာမြို့တော် ခန်းမ၌ ကျင်းပသည်။
အဆိုပါ    ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးက တိုင်းဒေသ ကြီးအတွင်း   စားသောက်ဆိုင် လုပ်ငန်း၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်း၊    ရွှေထည်လက်ဝတ် ရတနာရောင်းချသည့်  လုပ်ငန်း၊ လက်ကိုင်ဖုန်းနှင့်    ဆက်စပ် ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း စုစုပေါင်း လုပ်ငန်းရှင် ၃၈၂၃ ဦး ရှိကြောင်း၊  စားသောက်ဆိုင်များ တွင်လည်း ပြေစာတောင်းယူနိုင် ရန်အတွက် စားသုံးသူမိဘပြည်သူ များသို့     အသိပေးနှိုးဆော်စာ ကြော်ငြာစာဗီနိုင်းများ  ကပ်ထား ပြီဖြစ်ကြောင်း၊   ပြေစာရရှိသော် လည်း      အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားမှုမရှိခြင်း၊   ကျသင့် အခွန်နှင့်ညီမျှသော အခွန်အမှတ် တံဆိပ်ကပ်နှိပ်ထားမှု မရှိခြင်းများ တွေ့ရှိပါက  အထောက်အထားနှင့် အတူ နီးစပ်ရာအခွန်ရုံးသို့ တိုင်ကြား နိုင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်တွင်းအခွန် များဦးစီးဌာန ပြည်မြို့နယ် အခွန် ဦးစီးဌာနမှူး    လက်ထောက် ညွှန်ကြားရေးမှူး   ဦလှဌေးဦးက အခွန်ဆိုင်ရာ  သိမှတ်ဖွယ်ရာများ အကြောင်း ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသော အခွန်ထမ်း ပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရ သည်။       

ကိုဆက်(ပြန်/ဆက်)