
ပဲခူး စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသ ကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ကြခတ်ဝိုင်း ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက်အတွင်း သီတင်းသုံး တော်မူကြသည့် ဆရာတော်/သံဃာတော်များအတွက် ဆန် အိတ် ၅၀၊ ဆီပိဿာ ၂၄၀၊ ကုလား ပဲ လေးအိတ်နှင့် ဆားလေးအိတ် တို့ကို ပဓာနနာယက ဆရာတော် ထံသို့ လည်းကောင်း၊ ပဲခူးမြို့ သာသနာ့ဇောတိက ပရိယတ္တိ စာသင်တိုက်သို့ ဆန်အိတ် ၃၀၊ ဆီ ပိဿာ ၁၄၀၊ ကုလားပဲနှစ်အိတ်နှင့် ဆားနှစ်အိတ်တို့ကို လည်းကောင်း၊ ဝင်းနိမ္မိတာရုံ ပရိယတ္တိစာသင် တိုက်သို့ ဆန်အိတ် ၃၀၊ ဆီပိဿာ ၁၅၀၊ ကုလားပဲ နှစ်အိတ်နှင့် ဆား နှစ်အိတ်တို့ကို လည်းကောင်း၊ သာမဏေကျော် ပရိယတ္တိစာသင် တိုက်သို့ ဆန် ၅၇ အိတ်၊ ဆီ ပိဿာ ၂၈၀၊ ကုလားပဲ ငါးအိတ် နှင့် ဆား ငါးအိတ်တို့ကို လည်း ကောင်း ဆက်ကပ်လှူဒါန်းကြ သည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၃၉) မိုင်အနီး ဘောနတ်ကြီး - ဘုရားကြီးသွား လမ်းပေါ်ရှိ လုံခြုံရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား ကြောင်း သိရသည်။ သတင်းစဉ်