ပဲခူးမြို့ပေါ် လူစည်ကားသည့်နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ၁၀၇ မမ ရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၃     အကြမ်းဖက်      အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များ၊ ယင်းတို့နှင့်  ဆက်နွှယ်နေ သော  အဖွဲ့အစည်းများနှင့်  လူ ပုဂ္ဂိုလ်များသည် နိုင်ငံတော် တည် ငြိမ်အေးချမ်းရေးကို      ပျက်ပြား စေရန်နှင့်           ပြည်သူလူထုကို အကြောက်တရားများ   ဖြစ်ပေါ် စေပြီး       အစိုးရယန္တရားများ ပျက်ပြားစေရန်   ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ      အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ် ခြင်း၊        အများပြည်သူပိုင် အဆောက်အအုံများအား   မီးရှို့ခြင်း၊ ဖောက်ခွဲ         ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်      လုပ်ငန်းများကို  နည်းမျိုးစုံဖြင့်     ပြုလုပ်လျက်ရှိ သည်။
အကြမ်းဖက်   အုပ်စုအဖြစ် ကြေညာထားသော      NUG လက်အောက်ခံ    Dark    Side Revolution   Burma-DSRB အမည်ခံ အကြမ်းဖက်အဖွဲ့သည် အများပြည်သူများ   ပျော်ရွှင်စွာ ကြည့်ရှုမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား  ကျင်းပမည့် ညတွင် ပဲခူးမြို့ပေါ်ရှိ  လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့ တိုက်ဒုံးများဖြင့်  ပစ်ခတ်ရန်စီစဉ် လျက်ရှိကြောင်း  အကြမ်းဖက်မှုကို မလိုလားသည့်     ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ  ၂ ရက် မွန်းလွဲပိုင်း တွင်  ပဲခူးတိုင်းဒေသကြီး  ပဲခူး မြို့နယ် ကမာနတ်ခကျေးရွာအနီး ပဲခူး-သနပ္ပင်လမ်းဆုံ၌     ယာဉ် အမှတ်၊   RLG-4563   Nissan March ခဲရောင်မော်တော်ယာဉ် ပေါ်မှ Dark Side Revolution Burma-DSRB အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင်များဖြစ်သည့် ထက် နောင်နောင်  (ခ)  နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီနှင့်   ဥူးသောဘန  (ခ) သာကျော်ဌေး တို့  ခြောက်ဦးအား KIA အဖွဲ့မှထုတ်လုပ်သည့် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခုတို့နှင့်အတူ   ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိတရားခံ အောင်နိုင် မျိုး၏ ထွက်ဆိုချက်အရ   ပဲခူး တိုင်းဒေသကြီး   သနပ္ပင်မြို့နယ် ရေတံခါးတာဝကျေးရွာရှိ  ၎င်း၏ နေအိမ်ခြံဝင်းအတွင်း၌    လက် နက်/ ခဲယမ်းများ  သိမ်းဆည်းထား ကြောင်း  သိရှိရသဖြင့်  လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက် ရှာဖွေ ခဲ့ရာ ၄၀ မမ လက်လုပ်ဗုံးပစ်လောင် ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက် မိုင်း  ၁ လုံး  တို့ကို   ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ငါး ဦး၊ မ တစ်ဦးတို့ကို KIA အဖွဲ့မှ ထုတ်လုပ်သည့် ၁၀၇ မမ ရှော့ တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခု၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ တစ်လက်၊ လက်လုပ်ရှေ့ထွက်မိုင်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက် အုပ်စုအဖြစ်  ကြေညာထားသော NUG လက်အောက်ခံ Dark Side Revolution   Burma-DSRB အမည်ခံ     အကြမ်းဖက်အဖွဲ့မှ တရားခံပြေး   ရှိုင်းဝေ (ခ) RI က ၂၀၂၃ ခုနှစ်အတွက်    မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့်ညတွင်     အပြစ်မဲ့ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့ မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ် လျက်  ပဲခူးမြို့ပေါ်ရှိ လူစည်ကား သည့်နေရာများကို   ၁၀၇   မမ ရှော့တိုက်ဒုံးများဖြင့်    ပစ်ခတ် တိုက်ခိုက်ရန်    စေခိုင်းခဲ့ကြောင်း၊ သိမ်ဇရပ်မြို့အဝင်တွင် ရှိုင်းဝေ(ခ)RI ထံမှ ၁၀၇ မမ ရှော့တိုက်ဒုံးများ အား   သွားရောက်ယူဆောင်၍ ပြန်လာစဉ်  ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း၊ အဆိုပါ ၁၀၇ မမရှော့ တိုက်ဒုံးများဖြင့်   ပဲခူးမြို့ပေါ်ရှိ လူစည်ကားသည့်  စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်နေရာ များကို   ပစ်မှတ်ထား   ပစ်ခတ် ဖောက်ခွဲရန်   စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍      ဖမ်းဆီးရမိ တရားခံများအား      ဥပဒေအရ ထိရောက်စွာ   အရေးယူနိုင်ရေး ဆက်လက်  ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက် နေသူများအား ပြည်သူတစ်ရပ်လုံး က   ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊   နောက် ကွယ်မှ   ထောက်ပံ့ပေးလျက်ရှိ သော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့      ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက     သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက်      ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန်        မေတ္တာရပ်ခံအပ်ပါ ကြောင်း     အသိပေးသတင်း ထုတ်ပြန်ထားသည်။

သတင်းစဉ်