ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများ၌ ဒေသခံများ အလုပ်ခန့်ထားနိုင်ရေး ရှင်းလင်းဆွေးနွေး

 

ပဲခူး စက်တင်ဘာ ၇


ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူ များနှင့်အတူ   ယနေ့   နံနက်ပိုင်း တွင် ပဲခူးမြို့နယ်ရှိ မြန်မာမုဒိတာ ဖောင်ဒေးရှင်း       စက်မှုနယ်မြေ အတွင်းရှိ SUDEY အထည်ချုပ် စက်ရုံ၊ SPC Adidas  ဖိနပ်စက်ရုံ နှင့် Pungkook Myanmar   အိတ်အမျိုးမျိုး  ထုတ်လုပ်သည့် စက်ရုံ များသို့       ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မှုများ၊ ဒေသ ခံများ အလုပ်ခန့်ထားနိုင်ရေးနှင့် စက်ရုံ၏ အနာဂတ် ရည်မှန်းချက် များကို        ရှင်းလင်းဆွေးနွေး တင်ပြသည်။

 


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ရုံများအတွင်း ကိုဗစ်-၁၉  ရောဂါ   စည်းကမ်း ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက် ရေး၊ Booster ထပ်မံထိုးနှံနိုင်ရေး၊ လုပ်ငန်းချိန်အတွင်း   လျှပ်စစ်မီး အချိန်ပြည့်      ရရှိနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့်    ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံ အတွင်း      လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးတက္ကသိုလ် အနီး အနောက်ဘက် မြို့ရှောင် လမ်းဆုံ၌    ဆောင်ရွက်လျက် ရှိသော        ဘုရင့်နောင်ရင်ပြင် ဆောင်ရွက်နေမှုကို          ကြည့်ရှု စစ်ဆေးပြီး       Land Scaping Design    များ    ခေတ်နှင့်အညီ ဖြစ်စေရေး     တာဝန်ရှိသူများကို မှာကြားသည်။

 


ယင်းနောက်      တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်သည်     ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီ တော်မြတ်ကြီး၏ အနောက်ဘက် မုခ်  စောင်းတန်းအတွင်း ရွေ့လျား စက်လှေကား    တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရ သည်။                        

သတင်းစဉ်