
ပဲခူး ဩဂုတ် ၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပဲခူးတိုင်း ဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ဦးစီးမှူးရုံးမှ ဩဂုတ်လအတွင်း ဆောင်ရွက်ရမည့် အသက် ၁၈ နှစ်နှင့်အထက် (စတုတ္ထအကြိမ်) စာရင်းများ စစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းဆောင် ရွက်ထားရှိခြင်း လုပ်ငန်းများကို ဇွန် ၂၀ ရက်မှ စတင်၍ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စာရင်းစစ်ဆေးခြင်း များကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပဲခူးမြို့နယ် ဦးစီးမှူး ရုံးတို့မှ ဝန်ထမ်းများပူးပေါင်းကာ စာရင်းများ မှားယွင်းမှုမရှိစေရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သက်ထက်