ပဲခူးမြို့၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

 

ပဲခူး    မတ်    ၁၆


ပဲခူးတိုင်းဒေသကြီးအတွင်း  ၂၀၂၂ ခုနှစ်     သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်၊  သီလရှင် နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှူး၍ ပဲခူးမြို့  ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီး၌    ကျင်းပ သည်။

 


အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က  သာသနာရေး ဆိုင်ရာများ     လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့ အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊    တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် ၎င်းတို့ ၏ဇနီးများက ဘွဲ့တံဆိပ်တော်များ အသီးသီး  ဆက်ကပ်လှူဒါန်းကြ သည်။

 


ဆက်လက်၍    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ပဲခူး မြို့ သာမဏေကျော်စာသင်တိုက် ဒေါက်တာဘဒ္ဒန္တ       ဝိစက္ခဏာ လင်္ကာရာဘိဝံသ၊ အဂ္ဂမဟာ ဂန္ထ ဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟု ဇန ဟိတဓရ   ဆရာတော်အရှင် မြတ်ထံမှ အနုမောဒနာ  တရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကာ  ဗုဒ္ဓသာသနံ     စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို    ဆုတောင်း၍ အခမ်းအနားအား  ရုပ်သိမ်းခဲ့ပြီး ကြွရောက်လာကြသည့်   ဆရာ တော်များနှင့် သီလရှင်ဆရာကြီး များအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်း လှူကြသည်။

 


ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်၊     မဟာကမ္မဌာန စရိယ နှစ်ပါး၊   ဂန္ထဝါစကပဏ္ဍိတ ခြောက်ပါး၊ ကမ္မဌာနစရိယ တစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ     နှစ်ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ  သုံးပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ငါးပါး၊ ဓမ္မကထိက    ဗဟုဇနဟိတဓရ တစ်ပါး၊ သုဓမ္မသိင်္ဂီ တစ်ဦး စုစု ပေါင်း ရဟန်း/သံဃာ   ၁၆ ပါး၊ သီလရှင် ‌လေးပါးနှင့်   လူပုဂ္ဂိုလ် တစ်ဦးတို့ ရရှိကြကြောင်း   သိရ သည်။                  

 သတင်းစဉ်