
ပဲခူး ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင်ပွဲကို ဧပြီ ၁၇ ရက် ညပိုင်းတွင် ပဲခူးမြို့ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရား အလှူဓမ္မသဘင်မဏ္ဍပ်၌ ကျင်းပသည်။
ဦးစွာ သာသနာ့ဇောတိက စာသင်တိုက်မှ ဘဒ္ဒန္တဇနိတ (သာသနဓဇဓမ္မာစရိယ၊ မဟာ ဂန္ထဝါစကပဏ္ဍိတ) ဆရာတော် က နိဗ္ဗာန်ရောက်ကြောင်း တရား တော်များကို ဟောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
အဆိုပါ မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ ကို ဧပြီ ၁၇ ရက်မှ ၁၉ ရက် အထိ ကျင်းပပြီး ဧပြီ ၁၈ ရက် တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာ သာမဏေကျော် တက္ကသိုလ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဥက္ကံသာလင်္ကာရ (ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, Ph.D)ကလည်းကောင်း၊ ဧပြီ ၁၉ ရက် တွင် သာသနမဏ္ဍိုင်ပါဠိ တက္ကသိုလ်ကျောင်းတိုက် နိုင်ငံ တော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တသုန္ဒရ (သာသန ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ) က လည်းကောင်း တရားရေအေး အမြိုက်ဆေး များ ဟောကြားတော်မူကြောင်း သိရသည်။
သတင်းစဉ်