ပဲခူးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 

ပဲခူး   ဇွန်    ၅


၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  ပဲခူးမြို့တော်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   ပဲခူးတိုင်း ဒေသကြီး   ဝန်ကြီးချုပ်   ဦးမျိုး ဆွေဝင်း က    အဖွင့်အမှာစကား   ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ      ပထမဆု၊   ဒုတိယဆုနှင့်     တတိယဆုရရှိ ကြသူများကို    တိုင်းဒေသကြီး ဝန်ကြီးချုပ်က   လည်းကောင်း၊ နှစ်သိမ့်ဆု ရရှိကြသူများကို     ပဲခူး တိုင်း ဒေသကြီး    တရားလွှတ်တော် တရားသူကြီးချုပ်က     လည်း ကောင်း  ဆုများ  ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

 

ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ သည်        ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းကို   လှည့်လည်ကြည့်ရှုကြ ကြောင်း သိရသည်။  

သတင်းစဉ်