ပဲခူးမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

 

ပဲခူး   မေ   ၅


(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌  ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

 


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး ချုပ်က  ၂၀၂၂   ခုနှစ်   စွမ်းရည်သတ္တိဆိုင်ရာ    ရဲဗလဆုတံဆိပ်ရရှိသူ၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင်   ပထမဆုရရှိသူ များနှင့်  စံပြမီးသတ်စခန်းဆုရရှိသည့်  ကဝ မြို့နယ်   မီးသတ်စခန်းတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ်က   ဗဟိုအဆင့်အမြန်လမ်း    စံပြမီးသတ် စခန်းဒုတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူတို့ကိုလည်းကောင်း၊   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက  လုပ်သက် ၂၅  နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၂၀၂၁  ခုနှစ်အတွင်း မီးလောင်မှု တန်ဖိုးအနည်း ဆုံးခရိုင်တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက  မီးသတ်စက်ကလေးပြိုင်ပွဲ တွင် ဆုရရှိသောခရိုင်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်     တက်ကြွစွာ      ပါဝင် ဆောင်ရွက်ခဲ့ကြသည့်    ပဲခူးမြို့နယ်   အရန် မီးသတ်တပ်ဖွဲ့ဝင်များအား   လည်းကောင်း ဂုဏ်ပြုလက်မှတ်များနှင့်   ဆုများ   ပေးအပ် ချီးမြှင့်ကြသည်။

 


ယင်းနောက်      မီးသတ်တပ်ဖွဲ့ဝင်များ က   ဂတ်(စ်)မီးလောင်မှု၊ ဆီမီးလောင်မှုနှင့် မော်တော်ယာဉ်မတော်တဆမှု   ဖြစ်စဉ်များ တွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု၊  Hydraulic Platform & Vehi-cle Heavy Lifting Vehicle နှင့် ခေတ်မီမီးငြှိမ်း သတ်ရေးကိရိယာများ အသုံးပြုပြီး မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတို့ကို  သရုပ်ပြသ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက  ကြည့်ရှုအားပေးကြပြီး   မီးသတ် သရုပ်ပြသသည့်  တပ်ဖွဲ့ဝင်များအား   ဂုဏ်ပြု ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် မီးသတ်တပ် ဖွဲ့ဝင်များနည်းတူ        အထပ်မြင့်ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြသမှုတွင် ပါဝင်ခဲ့သည့် တတိယတန်းကျောင်းသား   မောင်သက်နိုင်ထူး တို့အား ဂုဏ်ပြုငွေကျပ် ငါးသောင်း ထောက်ပံ့ ပေးအပ်ကာ    မီးငြှိမ်းသတ်ရေးနှင့်   ရှာဖွေ ကယ်ဆယ်ရေး    အထောက်အကူပြုပစ္စည်း ခင်းကျင်းပြသထားရှိမှုများကို   ကြည့်ရှုကြောင်း သိရသည်။                                

သတင်းစဉ်