ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

ပဲခူး   ဧပြီ   ၁၀ 


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို    လမ်း လျှောက်သင်္ကြန်       အပါအဝင် စည်ကားသိုက်မြိုက်စွာ  ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ   သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် တွင်  ဗဟိုမဏ္ဍပ်၌  ဖွင့်ပွဲအခမ်း အနားကျင်းပမည်ဖြစ်ပြီး အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ သင်္ကြန်ယိမ်းအက များဖြင့်     ကပြဖျော်ဖြေကြမည် ဖြစ်သည့်အပြင်   သင်္ကြန်အကြို၊ အကျ၊   အကြတ်နှင့်   အတက်နေ့ များတွင် တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ယိမ်းအကဖွဲ့ ၂၅ ဖွဲ့ ပါဝင် ယှဉ်ပြိုင်  ဖျော်ဖြေကပြကြမည် ဖြစ်ပြီး    ဧပြီ ၁၆ ရက်    သင်္ကြန် အတက်နေ့တွင်     ပိတ်ပွဲအခမ်း အနား ကျင်းပမည်ဖြစ်သည်။

 


ယှဉ်ပြိုင်ဖျော်ဖြေကပြကြမည့်  ယိမ်းအဖွဲ့များမှ     ဆုရရှိသော ယိမ်းအဖွဲ့များကို ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့က    ပထမဆု၊ ဒုတိယဆုနှင့်   တတိယဆုအပြင် နှစ်သိမ့်ဆု ငါးဆုကိုလည်း ထိုက်တန် စွာ   ချီးမြှင့်ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ၁၃၈၄ ခု (မြန်မာနှစ်ဆန်း  ၁ ရက်) ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် ညပိုင်း၌ နှစ်သစ်ကူးဓမ္မသဘင်ကို  ကျင်းပသွားမည်   ဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈    မြို့နယ်၌   မဟာသင်္ကြန် ပွဲတော်အား   စည်ကားသိုက်မြိုက် စွာကျင်းပရေး      တိုင်းဒေသကြီး အစိုးရအဖွဲ့က     ပံ့ပိုးကူညီဆောင် ရွက်ပေးသွားမည်   ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်