ပဲခူးမြို့ ဧရာဝတီဘဏ်မှ ငွေများသယ်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးအားဓားပြတိုက် ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများ၏ ဝန်ခံထွက်ဆိုချက်

 

 

နေပြည်တော်  စက်တင်ဘာ  ၂၁


ပဲခူးမြို့ရှိ ဧရာဝတီဘဏ်ခွဲမှ ရန်ကုန်မြို့သို့ ဘဏ်ငွေများသယ်ဆောင်လာသော မော်တော်ယာဉ် နှစ်စီးအား PDF အကြမ်းဖက်အဖွဲ့ဝင်များက   ရဲတပ်ဖွဲ့ဝင်များအဖြစ်  အယောင်ဆောင်၍   စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်- မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၅/၅ နေရာ၌ ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
PDF အကြမ်းဖက်အဖွဲ့ အနေ ဖြင့် အများပြည်သူအား ပစ်ခတ် သတ်ဖြတ်နိုင်ရေး၊    နိုင်ငံတော်  တည်ငြိမ်အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရေး စသည့် ရည်ရွယ် ချက်များဖြင့်    လက်နက်ခဲယမ်း များ   ဝယ်ယူရန်အတွက်  ပြည်သူ လူထု၏  ငွေများကို   ယခုကဲ့သို့    ဓားပြတိုက်ရာဇဝတ်မှု ကျူးလွန်ခဲ့ သည့်အပေါ်  လုံခြုံရေး   တပ်ဖွဲ့ဝင် များ၏    စွမ်းစွမ်းတမံ  ကြိုးပမ်း ဖော်ထုတ်မှုကြောင့်         ပြစ်မှု ကျူးလွန်ခဲ့သည့် အဓိက တရားခံ များအား ၉ နာရီအတွင်း ဖမ်းဆီး ရမိခဲ့မှု   သတင်းအား စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါ သည်။
၎င်းဖြစ်စဉ်အပေါ် အချို့သော မီဒီယာများ၊ Social Media များ နှင့်    Facebook   အပါအဝင် လူမှုကွန်ရက်  စာမျက်နှာများ၌ ဖြစ်စဉ်အား လိုရာဆွဲ၍ ရေးသား ဖော်ပြခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား     ပုတ်ခတ်ရေးသား ခြင်း    စသည့်လုပ်ရပ်များဖြင့်      လိမ်လည် ထုတ်လွှင့်ခဲ့ကြကြောင်း  တွေ့ရှိရပြီး   ဖမ်းဆီးရမိ   တရားခံ များ၏    ဝန်ခံထွက်ဆိုချက်များ နှင့်   နှိုင်းယှဉ်သုံးသပ်နိုင်စေရေး အတွက်   တရားခံများ၏   ဝန်ခံ ထွက်ဆိုချက်များကို      ယခုလို ဖော်ပြလိုက်ရပါသည်-
ဟန်ဝင်းဇော်(ခ)ကုလားကြီး
ကျွန်တော့်  နာမည်ကတော့ ဟန်ဝင်းဇော်(ခေါ်) ကုလားကြီး ဖြစ်ပါတယ်။ မှတ်ပုံတင်နံပါတ်က
၁၀/ကထန(နိုင်) ၁၈၄၁၂၃  ဖြစ် ပါတယ်။     မီးရထားဝန်ထမ်း တစ်ယောက်ဖြစ်ပါတယ်။  အခု နောက်ပိုင်းမှာ CDM လုပ်ပြီးတော့ ကယ်ရီမောင်း၊     ကားအော်ဒါ လိုက်နေပါတယ်။ နေရပ်လိပ်စာ ကတော့  ပဲခူးမြို့  မဇင်း ၁ လမ်း၊ မီးရထားဝင်း  ဝန်ထမ်းအိမ်ရာမှာ နေထိုင်ပါတယ်။ 
ကျွန်တော် ပဲခူးမြို့  မီးရထား စက်ခေါင်းရုံ     တွဲပြင်ဌာနမှာ     လုပ်သားတွဲမှီးနဲ့    တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။   တပ်မတော် အာဏာထိန်းပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်  CDM  ဝင်ခဲ့ပါတယ်။   CDM   ဝင်ပြီးတဲ့   နောက်ပိုင်းမှာ    မိသားစု    မပြေလည်တဲ့အတွက်  အလုပ်အကိုင်အဖြစ် ကယ်ရီမောင်း ဖို့အတွက်   ညီအစ်ကို တစ်ဝမ်း ကွဲတော်သည့်  စည်သူဖြိုးထံမှာ    သွားရောက်ပြီးတော့    အလုပ် တစ်ခုခုရှိရင်     ခေါ်ဖို့အတွက် ပြောဆိုခဲ့ပါတယ်။   စည်သူဖြိုး ကျွန်တော့်ကို   မိတ်ဆက်ပေးလို့ အောင်ပြည့်ခန့်  (ခေါ်)  နိုင်နိုင်နဲ့ ရင်းနှီးခဲ့ပါတယ်။ ၉လပိုင်း ၁၂ရက် နေ့    ညနေမှာ  ကျွန်တော့်ဆီကို နိုင်နိုင်  (ခေါ်)  အောင်ပြည့်ခန့် ရောက်ရှိလာပြီးတော့ အလုပ်လုပ် စရာရှိတယ်။ ကားတစ်စီး  စီမံဖို့ အတွက်ကို   လာရောက် ပြောဆို ပါတယ်။  ၉ လပိုင်း ၁၂ ရက်နေ့ ညမှာပဲ ကားရောက်ရှိကြောင်းကို ကျွန်တော်သူ့ကို   ဖုန်းဆက်ပြီး တော့ အကြောင်းကြားခဲ့ပါတယ်။ နောက်နေ့ ၁၃ ရက်နေ့ မနက်မှာ ကျွန်တော့်အိမ်ကို မနက် ၇ နာရီ လောက်မှာ လာရောက်ပြီး ကား အဆင်ပြေလားလို့ လာမေးလိုက် ရာမှာ ကျွန်တော်က ၁၀ နာရီမှာ ကားရမယ်ဆိုတဲ့     အကြောင်း ပြောခဲ့ပါတယ်။ ဒါနဲ့ သူက သူဖုန်း ဆက်တဲ့အချိန်ကျရင် သူ့ဆီကို ကားနဲ့လာဖို့အတွက် ကျွန်တော့် ကို  ပြောသွားပါတယ်။   ပြီးတော့ ဦးလေး (ခေါ်) ဦးမြင့်သောင်ဆီမှာ ဖုန်းဆက်ပြီး    Hijet   ဖြူရောင် ကားကို   မဇင်း(၁) လမ်းထိပ်မှာ သွားယူခဲ့ပြီးတော့   စရန်ငွေအဖြစ် ၁ သောင်း  ပေးခဲ့ပါတယ်။  ကား ငှားခကတော့ ၃၀၀၀၀ ကျပ်ဖြစ်ပါ တယ်။   
၉ လပိုင်း ၁၃ ရက်နေ့ ၁၁နာရီ ၁၅   မှာ      အောင်ပြည့်ခန့်က ကျွန်တော့်ကို ဖုန်းဆက်ပြီး လာလို့ ရပြီဆိုတဲ့အကြောင်း၊ မဟာစေတီ မှာရှိတဲ့  စည်သူဖြိုးတို့   အိမ်ကို လာလို့ရပြီဆိုတဲ့      အကြောင်း ဖုန်းဆက်ပြီး    လှမ်းအကြောင်း ကြားလို့ ကျွန်တော်ကားနဲ့ မဟာ စေတီတန်းလျား   စည်သူဖြိုးတို့ အိမ်ကို      ရောက်ရှိခဲ့ပါတယ်။ အိမ်ရှေ့   ရောက်ရောက်ချင်းမှာ အောင်ပြည့်ခန့်က     အထုပ်နဲ့၊ လူနဲ့ ကားပေါ်ကို တင်ဆောင်ပြီး ကျွန်တော်နဲ့အတူတူ မြို့ရှောင်လမ်း အတိုင်း၊  သာယာအေးအကျော်   ပိုက်ဆံလုမယ့်ဆီကို ကျွန်တော်တို့ ရောက်ရှိခဲ့ပါတယ်။  ကျွန်တော် ကားရောက်ပြီး အချိန်မှာ  ရန်လင်း ထွေးနဲ့၊   စည်သူဖြိုး   ဆိုင်ကယ် တစ်စီးနဲ့ ရောက်ရှိလာပါတယ်။ နောက်ပြီး   ရန်နိုင်နဲ့  ကျော်ကြီး   ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာ ပါတယ်။ ကျွန်တော်တို့   ဓားပြ တိုက်မယ့်နေရာကို ရောက်ပြီးတဲ့ အချိန်    ကားပေါ်က   ပါလာတဲ့ အထုပ်ကို ဖြည်လိုက်တဲ့အချိန်မှာ သေနတ်နှစ်လက်နဲ့   ယူနီဖောင်း တွေကို    တွေ့ပါတယ်။    ရဲယူနီ ဖောင်းတွေကို ရန်လင်းထွေးရယ်၊ စည်သူဖြိုးရယ်၊   ရန်နိုင်ရယ်က     ဝတ်ပါတယ်။ ပြီးတော့ ရန်နိုင်နဲ့ ရန်လင်းထွေးနဲ့က     သေနတ်  နှစ်လက်ကို တစ်ယောက်တစ်လက် စီကိုင်ပါတယ်။    ကျွန်တော့်ကို ကျတော့ မော်တော်ပီကယ်ဝတ်စုံ ဝတ်ခိုင်းလို့  ကျွန်တော်   မော်တော် ပီကယ်ဝတ်စုံ      ဝတ်ပါတယ်။ အောင်ပြည့်ခန့်က ကျွန်တော့်ကို
ကားတားရမည့် ကားနံပါတ်များ ကို    ပြပါတယ်။   ကျွန်တော်က ကားနံပါတ်တွေကို  မကြည့်နိုင်
ဘူး၊ မကြည့်တတ်ဘူးဆိုတဲ့ အချိန် မှာ အောင်ပြည့်ခန့်က ကားလာတဲ့ အချိန်    ပြတဲ့အတွက် ကျွန်တော် ကားကို လမ်းဘေးကို ထိုးရပ်ခိုင်း လိုက်ပါတယ်။ ကားတွေလမ်းဘေး ကို ထိုးရပ်ခိုင်းပြီးတော့ ကျွန်တော် က လမ်းကြောင်းတွေ  မပိတ်ဖို့ အတွက်ကို     ကားလမ်းကြောင်း တွေ ရှင်းပေးခဲ့ပါတယ်။ အဲဒီအချိန် ရှေ့မှာ စည်သူဖြိုးရယ်၊ ကျော်ကြီး ရယ်၊   ရန်လင်းထွေးတို့ရယ်က ကားသမားတွေကို အောက်ဆင်း ခိုင်းပြီးတော့ သူတို့ရဲ့ ကတ်တွေ၊    ဖုန်းတွေကို      သိမ်းဖို့အတွက် လုပ်ပါတယ်။  နောက်မှာ အောင် ပြည့်ခန့်နဲ့၊   ရန်နိုင်နဲ့က  ရှေ့ကား မှာ     ရှေ့က     လူတွေနဲ့  သွားပြီး စကားပြောဖို့အတွက်ကို နောက် ကားမှာပါတဲ့     ဝန်ထမ်းတွေကို   ရှေ့ကားကို လွှတ်လိုက်ပါတယ်။ အဲဒီမှာ    ဖုန်းတွေ၊     ကတ်တွေ သိမ်းပြီးတော့       ဝန်ထမ်းတွေ အားလုံးကို     ကားရဲ့   အနောက် ခန်းထဲကို    ထည့်ပြီး  တိပ်တွေနဲ့ လက်ပြန်ကြိုးတုပ်၊   ပါးစပ်တွေ ပိတ်တာတွေ   လုပ်ဆောင်နေပါ တယ်။ ဝန်ထမ်းတွေကို လက်ပြန် ကြိုးတုပ်ပြီး ကားပေါ်မှာ တင်ထား တဲ့အခါမှာ    ကျွန်တော့်ကို   ယူနီ ဖောင်းချွတ်ပြီး      ကျွန်တော့်ရဲ့    Hijet ကားကို ရွှေ့ဖို့အတွက်ကို လှမ်းပြောခဲ့ပါတယ်။ ကျွန်တော် က    ယူနီဖောင်းချွတ်ပြီး     Hijet ကားကို  ရှေ့ဘဏ်ကားရဲ့   ဖင်မှာ တေ့ပြီး  ကျွန်တော်ရပ်ပေးလိုက် ပါတယ်။ အဲဒီမှာ ရန်လင်းထွေးနဲ့ စည်သူဖြိုး၊ ကျော်ကြီး၊ ရန်နိုင်တို့ က ကျွန်တော့်ကားပေါ်ကို ပိုက်ဆံ အိတ်တွေ  တင်ပါတယ်။  တင်ပြီး လို့   ပြီးလည်းပြီးရော    ကျွန်တော် နောက်ကားကို ထပ်ရွှေ့ဖို့အတွက် လုပ်ပါတယ်။     အဲဒီအချိန်မှာ    ရန်လင်းထွေး၊ စည်သူဖြိုး၊ ကျော် ကြီး၊ ရန်နိုင်၊ အောင်ပြည့်ခန့် သူတို့ ငါးယောက်က ထပ်တင်ပါတယ်။ တင်ပြီးတဲ့အချိန်မှာ ကျွန်တော့်ကို        ကားမောင်းဖို့အတွက်  အောင်ပြည့် ခန့်က အနောက်ကနေ လှမ်းပြော ပါတယ်။ ဘဏ်ကားပေါ်ကပိုက်ဆံ တွေ   တင်ပြီးတော့    ကျွန်တော် ကားကိုမောင်းတဲ့အချိန်မှာ အောင် ပြည့်ခန့်က  ကျွန်တော့်  ကားရဲ့   အနောက်မှာ တက်စီးလာပါတယ်။   ကျွန်တော်က ရှေ့ကနေ ကားကို   မောင်းပါတယ်။ ကျွန်တော် မောင်း လာတဲ့အချိန်မှာ ကျွန်တော့်ကား ကို   ရန်လင်းထွေးနဲ့   စည်သူဖြိုး တို့က  ကျွန်တော့် ကားကို ကျော် သွားပါတယ်။ ကျွန်တော်က   အဲ့ဒီ အချိန်မှာ   တိုးဂိတ်ကို    ကျော်ဖို့ အတွက်      စက်မှုဇုန်လမ်းထဲကို ဝင်ခဲ့ပါတယ်။     
ကားမှာပိုက်ဆံတွေ အကုန် လုံး    ပါလာတဲ့အတွက်     ကား က    နည်းနည်းလေး    ဝိတ်ရှိတော့ ကျွန်တော်       ဖြည်းဖြည်းချင်း မောင်းဝင်ပြီး   မြို့ရှောင်လမ်းကို
ရောက်ရှိခဲ့ပါတယ်။    မြို့ရှောင် လမ်းရောက်တော့        ဓမ္မဒူတ မဂ္ဂင်   ဆရာလေးကျောင်းထဲသို့ ကျွန်တော့်ကို မောင်းဝင်ဖို့အတွက် အောင်ပြည့်ခန့်က အနောက်က နေ ညွှန်ကြားခဲ့ပါတယ်။ ရန်လင်း ထွေးနဲ့ စည်သူဖြိုးတို့က ဆိုင်ကယ် နဲ့   သွားပြီးတော့   ဓမ္မဒူတ  မဂ္ဂင် ဆရာလေးကျောင်းကို      အရင်   ရောက်ရှိနေပါတယ်။ အောင်ပြည့် နဲ့  ကျွန်တော်နဲ့ ပိုက်ဆံတွေတင် ပြီးသွားတဲ့ ကားကတော့ နှစ်နာရီ လောက်မှ ဆရာလေးကျောင်းကို ရောက်ရှိပါတယ်။   ဆရာလေး ကျောင်းမှာ   ပိုက်ဆံအိတ်တွေကို ဆွမ်းစားဆောင်ပေါ်သို့ ဝိုင်းချပြီး တော့ ကားကိုပြန်အပ်ဖို့အတွက် ဆရာလေးကျောင်းမှ ကျွန်တော်   ပြန်ထွက်ခဲ့ပါတယ်။    မဇင်း(၁)လမ်းထိပ်မှာ  ကျွန်တော်  ကား     owner  ကို    ပိုက်ဆံနှစ်သောင်းနဲ့   ကားကို   ပြန်ပြီးတော့  အပ်ခဲ့ပါ တယ်။ ပြီးတော့ ကျွန်တော်အိမ်ကို ပြန်ခဲ့ပါတယ်။   လေးနာရီကျော် မှာ   ကျွန်တော့်ကို   စည်သူဖြိုး ဖုန်းဆက်လို့ စည်သူဖြိုး  အိမ်မှာ    အောင်ပြည့်ခန့်    ဆိုင်ကယ်ကို ယူပြီးတော့မြို့ရှောင်လမ်းက ဓမ္မ ဒူတမဂ္ဂင် ဆရာလေးကျောင်းမှာ  သူတို့ကို   သွားရောက်  ကြိုခဲ့ပါ တယ်။   ကြိုပြီး    စည်သူဖြိုးကို     သူ့၏အိမ်သို့  ပြန်ပို့ခဲ့ပြီး ကျွန်တော်    ကျွန်တော့်အိမ်သို့ ပြန်ခဲ့ပါတယ်။
မမေသူကျော်
ညီမနာမည်ကတော့ မမေသူ ကျော်ပါ။    မှတ်ပုံတင်နံပါတ်က ၇/ပခန(နိုင်) ၃၃၃၅၅၁   ဖြစ်ပါ တယ်။   အခုလက်ရှိ   ဧရာဝတီ ဘဏ်လီမိတက်  ပဲခူးဘဏ်ခွဲ (၁) မှာ အလုပ်ဆင်းနေပါတယ်။နေရပ် လိပ်စာကတော့ အိမ်နံပါတ် ၁၂၇ မှော်ကန်    ၁၂ လမ်း၊    ပုံနယ်စု ရပ်ကွက်၊ ပဲခူးမြို့မှာ ကျွန်မနေထိုင် ပါတယ်။ ဒီ ၂၀၂၁ ခုနှစ်၊ ၁ လပိုင်း တပ်မတော်က  အာဏာထိန်းတဲ့
အချိန်ထိ    ချေးငွေဌာနမှာ    ညီမ အလုပ်လုပ်ခဲ့ပါတယ်။     ဒါပေမယ့် အာဏာထိန်းပြီးတဲ့  အချိန်ကနေ စပြီးတော့     ၄   လလောက်ထိ ကို   CDM  လုပ်ခဲ့တယ်။  CDM လုပ်ပြီးတော့ ၆ လပိုင်းလောက် မှာ  ညီမ  အလုပ်ပြန်ဆင်းတယ်။ အလုပ်ပြန်ဆင်းတဲ့အချိန်မှာ ညီမ တို့ရုံးက Domestic ဌာန စာရင်း ကိုက်တဲ့ဌာနမှာ လက်ရှိအချိန်ထိ လုပ်နေပါတယ်။   ၂၀၁၆  ခုနှစ် မှာ ဧရာဝတီဘဏ်လီမိတက် ပဲခူး ဘဏ်ခွဲ(၂)မှာ  အောင်ပြည့်ခန့်နဲ့ ညီမ  အလုပ်အတူတူဆင်းပြီးတော့ ၂၀၁၇ မှာ သမီးရည်းစား စဖြစ်ခဲ့ တယ်။ ဒီအာဏာထိန်းတဲ့အချိန် ၂၀၂၁ ခုနှစ်  ၂ လပိုင်းမှာ  သူရော၊ ကျွန်မရော  နှစ်ယောက်လုံး  CDM လုပ်ခဲ့တယ်။ လုပ်ပြီးတော့အတူတူ ဆန္ဒပြဖြစ်ခဲ့ကြတယ်။  
အောင်ပြည့်ခန့်ကတော့ အခု အချိန်အထိ CDM ဆက်လုပ်နေ ဆဲပဲ။  ၉ ရက်၊  ၉ လ အဲဒီညမှာ ညီမတို့နဲ့    သူနဲ့  Messenger   ကနေ  ၁၀ ရက်နေ့ကျရင်  တွေ့ဖို့ အတွက်  ပြောပါတယ်။  ရွှေသာ လျောင်းဘုရား၊ ဆိတ်သားတုတ် ထိုးဆိုင်မှာ    အောင်ပြည့်ခန့်နဲ့ တွေ့ကြတယ်။ တွေ့တော့ အောင် ပြည့်ခန့်ကနေပြီး  ညီမကို  “နင် ဘာလို့   နောက်ကျနေရတာလဲ”  ဆိုတော့   ညီမက   “မဟုတ်ဘူး၊ ဒိုက်ဦးက  Currency  ကလာမှာ ဆိုတော့ ငါတို့မန်နေဂျာက  စောင့် ခိုင်းနေတာ၊   စာရင်းဇယားတွေက လည်း အကုန်ပြီးသွားပြီဆိုတော့   အလုပ်ပြီးတဲ့သူတွေ   ပြန်ဆိုတာ နဲ့   ချက်ချင်းပြန်လာလိုက်တာ” လို့     အောင်ပြည့်ခန့်ကို    အဲဒီလို ပြောလိုက်ပါတယ်။  အဲဒါနဲ့ သူက နေပြီး  “ငွေတွေက ဘယ်လောက် တောင် များလို့လဲ”တဲ့ “ငါလည်း သေချာတော့     မသိဘူး၊     ဒိုက်ဦး က ရှစ်ထောင်ဆိုတော့ ငါတို့ဘဏ် နဲ့ ဆိုရင်တော့ 2B၊ 3B လောက် တော့   ရှိမှာပေါ့လို့”  အဲဒီလိုမျိုး  ပြောလိုက်တယ်။   ဘဏ်ဝန်ထမ်း ဆိုတော့ Currency ရဲ့ Flow တွေ ဘာတွေကို နားလည်တယ်။ 
သူက  “အဲဒါဆိုလို့ရှိရင် Cur-rency ကို ရန်ကုန် ကနေပြီးတော့ ဘယ်နေ့လောက် လာယူမှာလဲလို့ မေးတယ်”   “ပုံမှန်ဆိုရင်   ဒီနေ့ လိုမျိုး   ငွေလာပို့ပြီး   နောက်နေ့ ဆိုရင်တော့ ရန်ကုန်က လာတာ များတယ်၊     နေ့လယ်လောက် လာကြတာပဲလို့”  အဲဒီလိုမျိုး ညီမ က ပြန်ဖြေလိုက်တယ်။ ၁၃ ရက် နေ့ ၉ လပိုင်း၊ တနင်္လာနေ့ ရုံးဖွင့် တဲ့နေ့က     အောင်ပြည့်ခန့်ကနေ ပြီး  ညီမကို ဖုန်းခေါ်တယ်။ သူက ဒီနေ့  Currency  လာဖို့  ရှိတာ ကျိန်းသေလားဆိုတဲ့    ပုံစံမျိုးနဲ့
ညီမကိုမေးတယ်။ “ပုံမှန်ဆိုလို့ရှိရင်    ‌သောကြာနေ့   လာတယ်ဆိုရင် တနင်္လာနေ့တော့   Currency  က လာနေတာပဲလေလို့”    ညီမက သူ့ကိုပြန်ဖြေလိုက်တယ်။ ပြန်ဖြေ ပြီးတော့ ညီမကလည်း ရုံးဆက် သွားတယ်ပေါ့နော်။ ရုံးရောက်ပြီး တော့   ညီမလည်း  လုပ်စရာရှိတဲ့ မနက်ခင်း   အလုပ်တွေကို   လုပ် တယ်။   
အဲဒီနေ့က       တနင်္လာနေ့ဆို တော့ ငွေများတဲ့အတွက် ငွေခန်း ထဲမှာ  သွားပြီးတော့  သွားဝိုင်းကူ လိုက်တယ်။ သွားဝိုင်းကူတဲ့အချိန် သူကညီမကို   ၁၁ ခွဲ  ကျော်ကျော် လောက်လား   မသိဘူး၊   Signal   ကနေပြီးတော့    စာလာပို့တယ် “နင်ဘာလုပ်နေတာလဲ၊ မအားဘူး လားတဲ့”   ညီမက   “မအားဘူး၊  Currency    တွေ    ရောက်နေ  တော့ ငွေခန်းထဲမှာ ငွေဝိုင်းရေပေး နေတာ၊ လူမရှိလို့”ဆိုပြီး ပြန်ပြော လိုက်တယ်။   ၁၃ ရက်နေ့  ၉ လ ၂၀၂၁ ခုနှစ် နေ့လယ် ၂ နာရီထိုးမှာ ညီမလုပ်ရမည့်၊ စာရင်းကိုက်ရမည့် အလုပ်ကို  အရှေ့မှာ လုပ်နေတယ်၊ လုပ်နေတဲ့အချိန်မှာ   ငွေခန်းထဲ ကနေပြီး    ဘဏ်ခွဲမန်နေဂျာက ဖုန်းဆက်နေတာကိုတော့ ကြား တော့ ကြားလိုက်တယ်။ ဒါပေမယ့် အကြောင်းအရာကိုတော့ သေချာ တော့ မသိဘူး။ ငွေသယ်တဲ့ ကား ကိစ္စနဲ့ ပတ်သက်ပြီးပြောတဲ့ အသံ တော့  ကြားလိုက်တယ်။ နောက် တော့မှ သူငယ်ချင်းတွေကိုမေးရင်း မေးရင်းနဲ့မှ ဒီ Currency ငွေသယ် တဲ့ကား   ဓားပြတိုက်   ခံလိုက်ရ တယ်ဆိုတာကို   ညီမ  အဲဒီအချိန် ကျမှ သိလိုက်ရတယ်။ သိလိုက်ရ ပြီး   ညီမတို့ဘဏ်ကို   လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဲဒီ ညနေ ၄ နာရီ လောက်    လာရောက်စစ်ဆေး တယ်။ စစ်ဆေးပြီးတော့ ၇ နာရီခွဲ   ၈ နာရီလောက်မှာ ပြန်ခိုင်းလိုက် တယ်။            ကျွန်တော့်နာမည် စည်သူဖြိုး ပါ။ မှတ်ပုံတင်နံပါတ်ကတော့ ၇/ပခန(နိုင်)၃၇၂၁၄၄ ဖြစ်ပါတယ်။ ကျွန်တော်လက်ရှိနေတဲ့  လိပ်စာ ကတော့     မဟာစေတီတိုက်  တန်းလျား  ဈေးဆိုင်နားမှာနေပါ တယ်။  ကျွန်တော့်ရဲ့    လက်ရှိ အလုပ်အကိုင်ကတော့ နယူးဟုတ် အစာကုမ္ပဏီမှာ ဧရိယာမန်နေဂျာ ဖြစ်ပါတယ်။     တပ်မတော်က အာဏာထိန်းပြီးနောက်ပိုင်း ဆန္ဒ ပြမှုတွေမှာ သော်သော်နဲ့ ရင်းနှီး ခဲ့ပါတယ်။ သော်သော်က တစ်ဆင့် မျိုးကို(ခ)       မျိုးကိုကိုခိုင်နဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးပြီး ဆန္ဒပြပွဲပေါင်း ၆၀ လောက် ဆန္ဒ အတူတူပြခဲ့ကြတယ်။ လမ်းမှာ   အတားအဆီးတွေ ပြုလုပ်ချိန်မှာ ရဲတပ်ဖွဲ့ဝင်များက ဖြိုခွဲခဲ့မှုကြောင့်   ကျွန်တော်တို့      မျိုးကို (ခ)မျိုးကိုကိုခိုင်၊ မြတ်သူ၊ သော်သော်၊ သီဟ၊    အောင်ပြည့်ခန့်တို့နဲ့ အတူတူ   တိမ်းရှောင်ခဲ့ပါတယ်။
၁-၅-၂၀၂၁ ရက်နေ့လောက် မှာ  သူက KIA မှာ    သင်တန်းရှိ တယ်။   သင်တန်းတက်ဖို့ဆိုပြီး ကျွန်တော့်ကို    ပြောပါတယ်။  အဲဒီအချိန်ကနေပြီး     ကိုသန့်ဇင်ဦး ဆီက ကျွန်တော့်ကို  ငွေနှစ်သိန်း ထုတ်သွားပြီး KIA သင်တန်းကို သွားတက်ဖို့     ပြောပါတယ်။  ကျွန်တော် သင်တန်းက ပြန်လာ ပြီး ငှက်ဖျားမိပြီး    ပြန်ကောင်းတဲ့ အချိန်မှာ မျိုးကို(ခ)    မျိုးကိုကိုခိုင် က ကျွန်တော့်ကို   ဖုန်းဆက်ပြီး တော့ ပဲခူး PDF အဖွဲ့ဖွဲ့စည်းပြီး သွားပြီ။ သူက ခေါင်းဆောင်ပါ။ ကျွန်တော့်ကို ထောက်ပို့နေရာ အတွက်ပေးခဲ့ပါတယ်။  အဲဒီအချိန် တစ်ဆက်တည်းမှာ ၇-၉-၂၀၂၁ မှာ Zoom Meeting လုပ်ပါတယ်။ ဧရာဝတီဘဏ်ရဲ့   ကားလမ်း ကြောင်းကိစ္စ  သူက အစီအစဉ် ဆွဲခဲ့ပါတယ်။ အဲဒီမှာ   ပါဝင်ခဲ့တဲ့ သူတွေကတော့  ကိုအောင်မျိုးသူ၊ ကိုသန့်ဇင်ဝင်း၊ မျိုးကို(ခ)မျိုးကို ကိုခိုင်(ပဲခူး PDF ခေါင်းဆောင်) ကျွန်တော်၊   အောင်ပြည့်ခန့်တို့ Zoom  Meeting  မှာ  ပါဝင်ခဲ့ပါ တယ်။ Zoom Meeting လုပ်ခဲ့တဲ့ အချိန်မှာ   ကျွန်တော်တို့ပါဝင်  ဆွေးနွေးခဲ့တာကတော့ မျိုးကို(ခ)        မျိုးကိုကိုခိုင်က ကျွန်တော်တို့ကို ကားကို   ဖမ်းတားမယ်ဆိုရင်   ရဲယူနီဖောင်းလိုအပ်တယ်လို့ ပြော ခဲ့ပါတယ်။ ရဲယူနီဖောင်းနဲ့လုပ်မှ ကျွန်တော်တို့   လုပ်လို့ရမယ်။ အဆင်ပြေမယ်လို့ပြောပါတယ်။       ဘဏ်ကိုတိုက်ရတဲ့   အကြောင်း ရင်းက    ဘာကြောင့်လဲဆိုတော့     ပဲခူးမြို့အတွက် ပိုက်ဆံလိုအပ်လို့ ဆိုပြီး ဘဏ်ကို တိုက် ခိုင်းပါတယ်။  မျိုးကို(ခ)မျိုးကိုကိုခိုင်ရဲ့  ခိုင်းစေ မှုကြောင့် ကျွန်တော်က  ရဲယူနီ ဖောင်းသုံးစုံကို CDM လုပ်ထားတဲ့ ရဲတပ်ကြပ် ကိုသိန်းနိုင်ရဲ့ ဇနီးဆီ ကနေ  ကိုသိန်းနိုင်ရဲ့   ရဲဝတ်စုံသုံးစုံ ကို ငှားခဲ့ပါတယ်။ ၉-၉-၂၀၂၁ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်မှာ မမြင့်မြင့်နိုင်က     ကျွန်တော့်ကို  ရဲဝတ်စုံ  သုံးစုံလာပေးခဲ့ပါတယ်။    ကျွန်တော်တို့ ဘဏ်ဓားပြမတိုက် ခင်     ၁၂-၉-၂၀၂၁ ရက်နေ့ညနေ ၅  နာရီတွင်  Zoom  Meeting လုပ်ခဲ့ပါတယ်။    အဲဒီအချိန်မှာ မျိုးကို(ခ)   မျိုးကိုကိုခိုင်က  ကျွန်တော်တို့ကို  တာဝန်ကိုယ်စီ ပေးခဲ့ပါတယ်။    အဲဒီအချိန်မှာ ကျွန်တော့်ကို   မျိုးကို(ခ)မျိုးကို ကိုခိုင်က ကျွန်တော်ရယ် ရန်လင်း ထွေးရယ် ရန်နိုင်ရယ်ကို ရဲဝတ်စုံ သုံးစုံဝတ်ဖို့   မှာကြားခဲ့ပါတယ်။ ကုလားကြီးကိုကျတော့ မော်တော် ပီကယ်ဝတ်စုံဝတ်ဖို့ပြောကြားခဲ့ပါ တယ်။ 
အဲဒီအချိန်မှာ ကျွန်တော်က နေပြီး   မော်တော်ပီကယ်ဝတ်စုံ မရှိတဲ့အကြောင်း   ပြောကြားခဲ့ တယ်။ အဲဒီအချိန်မှာ    သူစီစဉ် ပေးမယ်ဆိုပြီး  ကမ်းနားလမ်းက သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီး တော့  ကျွန်တော့်ကို  ယူခိုင်းပါ တယ်။   နောက်ပြီးကျတော့ အောင်ပြည့်ခန့်ကို ဘဏ်ကားလာ မယ့်လမ်းကြောင်း ကြည့်ဖို့တာဝန် ပေးခဲ့ပါတယ်။ ငပန်ကျတော့ မြတ် စတားနားက နေရာမှာချထားပေး ခဲ့ပါတယ်။  အင်းတကော်နားမှာ ကျတော့ ရွှေပြည့်ကို ဟိုဘက်က နေပြီး  ရဲကားတွေ၊  စစ်ကားတွေ လာမလာကို ဖုန်းဆက်ဖို့ တာဝန် ပေးခဲ့ပါတယ်။ အားလုံးကိုတာဝန် ပေးခဲ့တာကတော့   မျိုးကို (ခ)မျိုးကိုကိုခိုင် ကစီမံခန့်ခွဲပြီးတာဝန် ပေးခဲ့ပါတယ်။    ကျွန်တော့်ကို ရန်လင်းထွေးကနေပြီး ဖုန်းဆက် ပါတယ်။ ဘဏ်ကားရောက်နေပြီ မြန်မြန်ပြန်လာခဲ့ဆိုပြီး  ဖုန်းဆက် ပါတယ်။ အဲဒီအချိန်မှာ  ကျွန်တော် မြန်မြန်      ပြန်သွားခဲ့ပါတယ်။ ကျွန်တော့်အိမ်မှာ ရန်လင်းထွေး ရယ်၊  အောင်ပြည့်ခန့်ရယ်ရောက် နေပါပြီ။ ကျွန်တော်ရောက်ပြီးတဲ့ နောက်မှာ ကုလားကြီးက ကားနဲ့ လိုက်ခဲ့ပါတယ်။     ကားပေါ်ကို ကျွန်တော် ယူနီဖောင်းဝတ်စုံနဲ့ သေနတ်နှစ်လက်ကိုတင်ပေးလိုက် ပါတယ်။  အောင်ပြည့်ခန့်ရယ်၊ ကုလားကြီးရယ်    ကားနဲ့အရင် ထွက်သွားပါတယ်။ 
ကျွန်တော်ရယ်၊   ရန်လင်း ထွေးရယ်က ဆိုင်ကယ်နဲ့ နောက် က  လိုက်ခဲ့ပါတယ်။ သွားတဲ့လမ်း ကြောင်းကတော့ စက်မှုဇုန်လမ်း ဘက်က  ထွက်ပြီးသွားပါတယ်။   ကျွန်တော်တို့ တစ်နာရီ  ဝန်းကျင် လောက်မှာ ဓားပြတိုက်မယ့်နေရာ ကို ရောက်ခဲ့ပါတယ်။   မျိုးကို(ခ)မျိုးကိုကိုခိုင်ရဲ့  စီမံပေးတဲ့    နေရာ ကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန် မှာ  နောက်ကနေပြီး    ရန်နိုင်နဲ့ ကျော်ကြီးတို့က   ဆိုင်ကယ်နဲ့ ကျွန်တော်တို့ဆီကို ရောက်လာပါ တယ်။ ဓားပြတိုက်မယ့် ၁၀ မိုင် ကုန်းပတ်ချာလည်ကို         ကား ရောက်ပါတယ်။ ရောက်တဲ့အချိန် မှာ ကျွန်တော်တို့ ရဲယူနီဖောင်းကို     အကုန်လုံး   ကိုယ်စီဝတ်ကြပါ တယ်။ ကုလားကြီးက   မော်တော် ပီကယ်ဝတ်စုံဝတ်ပြီး ရှေ့မှာစောင့် နေတဲ့အချိန်     ကျွန်တော်ရယ်၊    ရန်နိုင်ရယ်၊ ရန်လင်းထွေးရယ်က ရဲယူနီဖောင်း   ကိုယ်စီဝတ်ပြီး  သေနတ်ကိုတော့  ရန်လင်းထွေး ရယ် ရန်နိုင်ရယ်က ကိုင်ထားပါ တယ်။  ကိုင်ထားပြီးတဲ့   အချိန်   တစ်နာရီခွဲလောက်မှာ ဧရာဝတီ ဘဏ်ရဲ့ ကားကရောက်လာတော့ ကုလားကြီးကတားလိုက်ပါတယ်။ တားတဲ့အချိန်မှာ    ကျွန်တော်တို့ ရှေ့တည့်တည့်    ကားရောက်လာပါ တယ်။ အဲဒီအချိန်မှာ ကျွန်တော်က နေပြီး ကားခေါင်းခန်းကိုသွားပြီး သူတို့ရဲ့ပါလာတဲ့    လိုင်စင်တွေ၊ မှတ်ပုံတင်တွေ      ပြည်ဝင်ခွင့် ထွက်ခွင့်ကတ်တွေ  တောင်းပြီး ကားထဲက  လူတွေအကုန်လုံးကို ဆင်းခိုင်းလိုက်ပါတယ်။ ဆင်းခိုင်း ပြီးတော့ ကျွန်တော့်ကားရဲ့နောက် ဖုံးကိုဖွင့်ပြီး သူတို့ကိုအဲဒီမှာ တက် ခိုင်းလိုက်ပါတယ်။  အဲဒီအချိန်မှာ ရန်နိုင်နဲ့ကျော်ကြီးက ပထမကား မှာပါလာတဲ့   လူနှစ်ယောက်ကို ကြိုးတွေချည်၊ ပါးစပ်တွေပိတ်၊ မျက်လုံးတွေပိတ်ပြီးတုပ်ပါတယ်။ ဒုတိယကားကိုကျတော့ ရန်လင်း ထွေးရယ်၊  အောင်ပြည့်ခန့်တို့က ပါလာတဲ့      လူသုံးယောက်ကို မျက်လုံးတွေကို   ပဝါတွေစည်းပြီး ကားနောက်ခန်းထဲမှာ  ထည့်ထား ပါတယ်။ အဲဒီအချိန်မှာ ကုလား ကြီးက ကားမောင်းလာပြီး ကား ချင်း   ဖင်တေ့ပြီး  ကားနှစ်စီးမှာ  ပါသမျှ ပိုက်ဆံတွေ  အကုန်တင်ပြီး တော့ ကျွန်တော်တို့  အကုန်လုံး ယူနီဖောင်းတွေ    ချွတ်ပြီးတော့ ပြန်ကြပါတယ်။  
ကျွန်တော်တို့   ဓားပြတိုက်ပြီး     ပိုက်ဆံတွေ တင်ထားတဲ့  ကားနဲ့ ကုလားကြီးနဲ့    အောင်ပြည့်ခန့် တို့က   အရှေ့ကနေ သွားပါတယ်။     ဆိုင်ကယ်နဲ့ကျတော့  ကျွန်တော် ရယ်၊ ရန်လင်းထွေးရယ်၊ နောက် ကနေ       လိုက်သွားပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ကျော်ကြီးနဲ့ ရန်နိုင်က ဆိုင်ကယ်နဲ့ သူတို့အိမ်       ပြန်သွားပါတယ်။ ကျွန်တော်တို့     ဓားပြတိုက်ပြီး ပိုက်ဆံတွေ  တင်ထားတဲ့ကားနဲ့ ကျွန်တော်တို့ဆိုင်ကယ်နဲ့ ဓမ္မဒူတ မဂ္ဂင်ကျောင်းကို    ကျွန်တော်တို့ သွားခဲ့ပါတယ်။    အဲဒီကျောင်း ရောက်တဲ့အချိန်မှာ  ဒေါ်ဥပ္ပသမာ နဲ့ ဒေါ်ဓမ္မစာရီ ဆွမ်းစားကျောင်း ထဲက ခုတင်ပေါ်ကို ဓားပြတိုက် လာတဲ့ ပစ္စည်းတွေ အကုန်လုံးတင် ခဲ့ပါတယ်။     တင်ပြီးတော့ ကျွန်တော်တို့ GPS ပါ မပါ ပိုက်ဆံ အိတ်တွေကို အကုန်လုံးဖြည်ပြီး စစ်ခဲ့ပါတယ်။ စစ်ပြီးတဲ့နောက်မှာ ကုလားကြီးကို  ပြန်လွှတ်လိုက်ပါ တယ်။ ပြန်လွှတ်တဲ့  အချိန်မှာ ကျွန်တော်တို့    ကျော်ကြီးရယ်၊ ရန်နိုင်ရယ်၊   ကုလားကြီးရယ်တို့ အတွက်  ပိုက်ဆံသိန်းခြောက်ရာကို   ထည့်ပေးလိုက်ပါတယ်။  ပိုက်ဆံ အိတ်တွေပြန်စီပြီး ပြန်ထည့်တဲ့ အချိန်မှာ   ဂုန်နီအိတ်ကပြဲနေတဲ့ အတွက်  ကျွန်တော်တို့ပါလာတဲ့ ကျန်ကျောင်းအိတ် အမည်းတွေနဲ့ ပိုနေတဲ့     ပိုက်ဆံအိတ်တွေကို အထုပ်ထုပ်ပြီး     ထည့်ထားခဲ့ပါ တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ပိုနေတဲ့ ပိုက်ဆံသိန်းခုနစ်ရာကို ကျွန်တော်က   သိန်း  ၄၀၀၊ အောင်ပြည့်က သိန်း ၃၀၀၊ ကိုယ်စီ ယူပြီးတော့ ဆိုင်ကယ်ဘောက်ထဲ ကိုထည့်ထားပါတယ်။   ကုလား ကြီးကို လာခေါ်ဖို့ ဖုန်းဆက်ခဲ့ပါ တယ်။ ကုလားကြီးရောက်လာပြီး ကျွန်တော့်   ပိုက်ဆံသိန်း ၄၀၀၊ အောင်ပြည့်ခန့် သိန်း ၃၀၀ တို့ကို ကိုယ်စီယူပြီး  ဆရာလေးကျောင်း က ထွက်သွားခဲ့ပါတယ်။ တိုက်လာ သမျှ    ပိုက်ဆံတွေအားလုံးနဲ့ လက်နက်ခဲယမ်း ပစ္စည်းအားလုံး ကို    ဆရာလေးကျောင်းမှာပဲ ထားခဲ့ပါတယ်။     ဆရာလေး ကျောင်းကနေပြီး ကျွန်တော်တို့ လေးယောက်  အိမ်ကို ပြန်ခဲ့ပါ တယ်။ အိမ်ရောက်ပြီးတဲ့အချိန်မှာ ကုလားကြီးက  ၅ မိနစ်နေပြီး ပြန်သွားပါတယ်။ အဲဒီအချိန်မှာ ဆရာလေးကျောင်းက  ကျွန်တော် တို့ယူလာတဲ့ ပိုက်ဆံသိန်း ၇၀၀ ကို ဝေစုခွဲကြပါတယ်။ 
ငပန်က သိန်း ၁၀၀၊ ရွှေပြည့် က သိန်း ၁၀၀၊ ကျန်တဲ့   သိန်း ၅၀၀ ကတော့   ကျွန်တော်ရယ်၊  အောင်ပြည့်ခန့်ရယ်၊ ရန်လင်းထွေး ရယ်   သုံးယောက် ခွဲယူဖို့စီစဉ်ထား ပါတယ်။ ကျွန်တော် ရေမိုးချိုးစား သောက်ဖို့ ထိုင်ပြီး လိုင်းသုံးနေတဲ့ အချိန် ၈ နာရီခွဲလောက်မှာ ရဲတပ် ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးမှုကို ကျွန်တော် ရယ်   ရန်လင်းထွေးရယ်  အောင်ပြည့်ခန့်ရယ်သုံးယောက် က တစ်ခါတည်းအဖမ်းခံခဲ့ရပါတယ်။
ကျွန်တော့်   နာမည်ကတော့ အောင်ပြည့်ခန့်ပါ။ တပ်မတော် ကနေ အာဏာထိန်းပြီးတဲ့နောက် ပိုင်း ပဲခူးမြို့မှာလှုပ်ရှားတဲ့ ဆန္ဒပြ ပွဲတွေမှာ  ကျွန်တော်ပါဝင်ခဲ့ပါ တယ်။  ပြီးတော့   မဟာစေတီ  လမ်းနားမှာနေတဲ့  စည်သူဖြိုးဆို တဲ့လူနဲ့   ကျွန်တော်ရင်းနှီးသွား တယ်။  ကျွန်တော့်သူငယ်ချင်း ညီသုတရဲ့အိမ်မှာ သုံးရက်လောက် နေတယ်။ နောက်ပိုင်း မဟာစေတီ လမ်းနားက စည်သူဖြိုးတို့အိမ်မှာ လည်း ကျွန်တော်နေတယ်။ အဲဒီ နောက်ပိုင်းမှာ ဘဏ်ကနေ CDM လုပ်လို့  အလုပ်ပြုတ်သွားတယ်။ မျိုးကိုကိုခိုင်နဲ့ကတော့ စည်သူဖြိုး နဲ့ ပတ်သက်ပြီးတော့မှ သိရှိခဲ့တာ ပါ။ သူက ပဲခူးသပိတ်ခေါင်းဆောင် လို့လည်း      သိထားပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ ည ၇ နာရီမှာ  မျိုးကိုရယ်၊  ကျွန်တော် ရယ်၊  ကိုသန့်ဇင်ဝင်းရယ် Zoom Meeting တစ်ခု လုပ်ဖြစ်ပါတယ်။ Meeting မှာ ပြောဖြစ်တာကတော့ ကမ္ဘာ့ရတနာဘဏ်နဲ့   ကမ္ဘောဇ ဘဏ်တွေကို တခြားမြို့တွေမှာ ဓားပြတိုက်မှုတွေ ဖြစ်ပွားခဲ့တယ် လို့ သိရှိရပါတယ်။ NUG ကချပေး တဲ့ မြို့တစ်မြို့အတွက် လက်နက် အရေအတွက်က  နည်းပါတယ်။ လက်နက်တစ်လက်ကို သိန်း ၅၀ ဝန်းကျင်လောက်ရှိတယ်လို့ မျိုးကို က ပြောပါတယ်။   အဲဒီအတွက် ငွေလိုတာဖြစ်လို့ အခုဘဏ်ဓားပြ တိုက်မှုကို လုပ်ပါမယ်လို့ မျိုးကိုက ပြောပါတယ်။   
 ကျွန်တော့်ကို   ကျတော့   ဘဏ်နဲ့ပတ်သက်တဲ့ ငွေသယ် ယာဉ်လာတတ်တဲ့ အချိန် တွေကို  စုံစမ်းခိုင်းပါတယ်။ မျိုးကို (ခေါ်) မျိုးကိုကိုခိုင်က ဘဏ်ကငွေသယ် ယာဉ်လာတဲ့အခါ    လူဘယ်နှ ယောက်ပါလဲ၊ ကားဘယ်နှ စီးလာ တတ်လဲ၊  လက်နက်ခဲယမ်းပါ တတ်လား၊ ဘယ်အချိန်လာတတ် လဲဆိုတာကို  ကျွန်တော့်ကို မေးပါ တယ်။  ကျွန်တော်က အရင်တုန်း က  ဘဏ်မှာ   ရုံးအကူလုပ်ဖူးတဲ့ အတွက် ကားလာတတ်တဲ့အချိန် ကို  သိပါတယ်။  နံနက် ၁၁ နာရီ နောက်ပိုင်း    ဆိုတာကိုလည်း   ကျွန်တော်သိပါတယ်လို့ ပြောခဲ့ ပါတယ်။ လူအင်အားက ကားတစ် စီးကို သုံးယောက်၊ နှစ်စီးဆိုတော့   ခြောက်ယောက်    အဲဒီလောက်        ပါတတ်တယ်လို့    ကျွန်တော်        ပြောခဲ့ပါတယ်။ ပြီးတော့ကားက တစ်စီးမဟုတ်ရင် နှစ်စီးလာတတ် တယ်၊ လက်နက် ခဲယမ်းမပါဘူးလို့ လည်း ပြောပြခဲ့ပါတယ်။   အဲဒီ တော့   မျိုးကိုက ဓားပြတိုက်ဖို့စီစဉ် မယ်လို့ ပြောပါတယ်။ ကျွန်တော် က မလုပ်ရဲဘူးလို့   ပြောတော့  သူကကိုယ်လုပ်စရာ ရှိတဲ့     လမ်း ကြောင်းကြည့်တဲ့ အလုပ်ကိုပဲလုပ် ကျန်တဲ့ကိစ္စကို   သူစီစဉ်မယ်လို့    ပြောပါတယ်။   အဲဒီနောက်ပိုင်း    ကျွန်တော်က  သူခိုင်းတဲ့အတိုင်း   ဘဏ်မှာ    ငွေသယ်ယာဉ်လာတဲ့    အချိန်တွေကို    စောင့်ကြည့်ပါ တယ်။  ဧရာဝတီဘဏ်ခွဲ(၁)က အကြီးတန်းဘဏ် လက်ထောက်        ကျွန်တော့်ကောင်မလေး    မေသူ ကျော်နဲ့ စက်တင်ဘာလ ၇ရက်နေ့  ည ၉ နာရီမှာ Signal နဲ့စကားပြော ဖြစ် ပါတယ်။ ငွေသယ်ယာဉ်လာဖို့ရှိ လားလို့ ကျွန်တော်ကမေးပါတယ်။ သူကမရှိဘူးလို့   ပြောပါတယ်။ အဲဒီတော့ ငွေသယ်ယာဉ်လာရင် ပြောပြဖို့   ကျွန်တော်က  ပြောခဲ့ ပါတယ်။        
၈ ရက်နေ့မှာ ပဲခူးမြို့ လိပ်ပြာကန်   ရပ်ကွက်မှာရှိတဲ့ ဧရာဝတီဘဏ်ခွဲ  (၁)   အနားမှာ    ငွေသယ်ယာဉ်    လာရောက်ခြင်း ရှိ/မရှိကို သွားပြီး စောင့်ကြည့်ခဲ့ ပါတယ်။ အဲဒီနေ့မှာ လာရောက်ခြင်း      မရှိခဲ့ပါဘူး။ ၁၀    ရက်နေ့မှာ     ကျွန်တော်   နောက်တစ်ခေါက် သွားကြည့်ပါ တယ်။  အဲဒီနေ့က  ဒိုက်ဦးဘက် ကလာတဲ့    ငွေသယ်ယာဉ်နှစ်စီး လာရောက်တာကို တွေ့ခဲ့ပါတယ်။ ကျွန်တော် အဲဒီကားတွေနောက် ကို   ဆိုင်ကယ်နဲ့   နောက်ယောင်ခံ ပြီးတော့     ပဲခူးတိုးဂိတ်အကျော် အထိ    လိုက်ခဲ့ပါတယ်။     ပဲခူး တိုးဂိတ်မှာ လုံခြုံရေးအင်အားများ တဲ့အတွက် မျိုးကိုကို ဖုန်းဆက်ပြီး တော့  ကျွန်တော် လှမ်းပြောခဲ့ပါ တယ်။    လမ်းကြောင်းတော့ရှိတယ်   ဒါပေမယ့်     လုံခြုံရေးအင်အား  များတယ်လို့       ပြောခဲ့ပါတယ်။ အဲဒီတော့    မျိုးကိုက   အေးကွာ  အဲဒါဆို     နောက်တစ်ခေါက်မှ လုပ်မယ်လို့  ပြောပါတယ်။ 
စက်တင်ဘာလ ၁၀ ရက် နေ့ ညနေဘက်မှာ     ကျွန်တော့် ကောင်မလေး ဧရာဝတီဘဏ်ခွဲ(၁)မှာအလုပ်လုပ်နေတဲ့ မေသူကျော် နဲ့တွေ့ပါတယ်။   ကျွန်တော်က နေ့ခင်းတုန်းကလာတဲ့ ကားနှစ်စီး က ဘယ်ကလာတာလဲ၊ ကားပေါ် မှာ ပိုက်ဆံဘယ်လောက် ပါလာလဲ ဆိုတော့  သူက  ဒိုက်ဦးဘက်က ငွေတွေရယ်၊  ပဲခူးဘဏ်ခွဲ(၁)က ငွေတွေရယ်ကို ရန်ကုန်ကို သွားပို့ တာဖြစ်ကြောင်း၊  သိန်း  ၈၀၀၀ ဖြစ်ကြောင်း  ပြောပြပါတယ်။ အဲဒီ တော့   နောက်ထပ်လာဖို့  ရှိသေး လားလို့မေးတော့  သူက နောက် အပတ်ထဲမှာတော့  လာဖို့ရှိတယ် လို့ကြားတယ်လို့  ပြောပါတယ်။ ရန်ကုန်ရုံးချုပ်ကနေ  လာသယ် မယ်လို့လည်း သိရတယ်။ စက်တင် ဘာလ ၁၁ ရက် ည ၇ နာရီမှာ ကျွန်တော်နဲ့မျိုးကို ဖုန်းအဆက် အသွယ်ရပါတယ်။ နောက်အပတ် ထဲမှာတော့ ရန်ကုန်ကနေ ပဲခူးကို ငွေသယ်ယာဉ်တွေ ငွေလာယူဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ မျိုးကို ကလည်း သူ့ဘက်က အဖွဲ့တွေက   အသင့်ဖြစ်နေပြီလို့ ကျွန်တော့်ကို           ပြောပါတယ်။  ဒီတစ်ခေါက်တော့ မလွတ်အောင် လုပ်တော့မယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ 
စက်တင်ဘာ   ၁၂   ရက်နေ့   ညပိုင်းမှာ မျိုးကိုရယ်၊ ကျွန်တော် ရယ်၊ အခုဓားပြတိုက်မှုမှာ  ပါဝင် တဲ့    လူတွေအကုန်လုံး    ပါဝင်တဲ့ Zoom Meeting  တစ်ခု လုပ်ဖြစ် တယ်။    အဲဒီမှာ       မျိုးကိုက ကျွန်တော်တို့အားလုံးကို  ကိုယ် တာဝန်ယူရမယ့်  နေရာအလိုက် တာဝန်ခွဲပေးပါတယ်။ ကျွန်တော် က ဘဏ်ကားလာတဲ့ လမ်းကြောင်း ကြည့်ဖို့     တာဝန်ယူရပါတယ်။ ကုလားကြီးက မော်တော်ပီကယ် ဝတ်စုံ  ဝတ်ရပါတယ်။ ရဲဝတ်စုံကို စည်သူဖြိုးရယ်၊      ရန်နိုင်ရယ်၊ ရန်လင်းထွေးရယ်က      ဝတ်ပါ တယ်။        သေနတ်ကိုကျတော့ ရန်နိုင်နဲ့  ရန်လင်းထွေးက  ကိုင်ဖို့ ပြောပါတယ်။ ရွှေပြည့်ကိုကျတော့ အင်းတကော်မှာ  ကင်းစောင့်ပြီး တော့  လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော့်ဆီ သတင်းပို့ခိုင်းပါတယ်။ 
မြတ်စတား လမ်းဆုံမှာကျ တော့   ငပန်ကို ကင်းစောင့်ခိုင်းပြီး   လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှား မှုကို ကျွန်တော့်ဆီ  သတင်းပို့ခိုင်း ပါတယ်။  ကျော်ကြီးကိုကျတော့ အရပ်ဝတ်နဲ့ပဲ လိုက်ခိုင်းပြီးတော့ ပိုက်ဆံအိတ်သယ်ဖို့နဲ့ ကားအရွှေ့  အပြောင်းအတွက်ပဲ  တာဝန်ပေး  ထားပါတယ်။   ကျွန်တော်က စက်တင်ဘာ ၁၃ ရက်နေ့ မနက် မှာ   ကျွန်တော့်ကောင်မလေး မေသူကျော်နဲ့ ဖုန်းအဆက်အသွယ် ရပါတယ်။ ၁၁ နာရီခွဲလောက်မှာ ကျွန်တော် ဧရာ၀တီဘဏ်၊ ပဲခူး ဘဏ်ခွဲ(၁)    အရှေ့မှာသွားပြီး စောင့်ကြည့်နေပါတယ်။     အဲဒီ အချိန်မှာ   ငွေသယ်ယာဉ်တစ်စီး လာပါတယ်။   ကျွန်တော်လည်း ကားနံပါတ်မှတ်ပြီး         ပြန်မလို့ လုပ်နေတုန်း ၁၂ နာရီ ၁၅ မိနစ် လောက်မှာ   နောက်ထပ်တစ်စီး ထပ်ရောက်လာပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း    နှစ်စီးစလုံးရဲ့ကားနံပါတ်တွေကိုမှတ်ပြီး စည်သူ ဖြိုးဆီကို   ဖုန်းဆက်ပါတယ်။ ပြီးတော့ကျွန်တော်   ကုလားကြီး အိမ်ကိုသွားပါတယ်။ ကုလားကြီး အိမ်ကနေ Hijet ကားနဲ့သွားပြီး စည်သူဖြိုးအိမ်မှာ       သေနတ် နှစ်လက်နဲ့  ဝတ်မယ့် ယူနီဖောင်း တွေကို           ဝင်ယူပြီးတော့ အင်းတကော်ကွေ့ကို     သွားပါ တယ်။   ဆယ်မိုင်ကုန်းကွေ့ကို ကျွန်တော်နဲ့ ကုလားကြီးက Hijet ကားနဲ့သွားပါတယ်။ စည်သူဖြိုးနဲ့ ရန်လင်းထွေးက ဆိုင်ကယ်တစ်စီး၊ ကျော်ကြီးနဲ့ရန်နိုင်က  ဆိုင်ကယ် တစ်စီးနဲ့ အဲဒီနေရာကိုသွားကြပါ တယ်။ ရွှေပြည့်ကတော့ အစော ကြီးကတည်းက   သူ့နေရာမှာ သူ့တာဝန်ကိုသူ   လုပ်ဆောင်နေ ပါတယ်။ ငပန်လည်း မြတ်စတား လမ်းဆုံမှာ  အစောကြီးကတည်းကရောက်နှင့်နေပြီးတော့   သူ့ရဲ့ ကင်းတာဝန်ကို   သူလုပ်ဆောင် နေပါတယ်။ ကျွန်တော်တို့အားလုံးစုရပ်ကိုရောက်တဲ့ အချိန်ကတော့ တစ်ချက်ခွဲ ဖြစ်ပါတယ်။ (၂)ချက် ထိုးခါနီးလောက်မှာ ငွေသယ်ယာဉ် တွေရောက်လာပါတယ်။
ပြီးတော့   ၂  နာရီ  ထိုးခါနီး လောက်မှာ ငွေသယ်ယာဉ် ရောက် လာပါတယ်။   ရောက်လာတော့ ကျွန်တော်နဲ့  ကုလားကြီးနဲ့ ကား ကိုတားလိုက်ပါတယ်။   တားပြီး တော့ အရှေ့မှာရပ်ဖို့ လမ်းဘေး ချရပ်ဖို့ ပြောပါတယ်။ လမ်းဘေး ချရပ်တဲ့အချိန်မှာ စည်သူဖြိုးက ကားပေါ်မှာ    လက်နက်ပါလာ တယ်ဆိုတဲ့    သတင်းရလို့ဆိုတဲ့ အကြောင်းပြောပြီး    ကားကို လမ်းဘေးမှာရပ်ပြီး သူတို့စစ်ဆေး ခဲ့ပါတယ်။  ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာဘာညာ တောင်းပါ တယ်။ ပြီးတော့ ဖုန်းတွေသိမ်း ပါတယ်။ အဲဒီနောက် အင်းတကော် ရဲစခန်းကိုရောက်မှရှင်းလို့ ပြောပါ
တယ်။ သူတို့ ငွေသယ်ယာဉ်တစ်စီး မှာ ဘဏ်ဝန်ထမ်း သုံးယောက် ပါပါတယ်။      နှစ်စီးဆိုတော့
ခြောက်ယောက်ပါ။ အဲဒီ ခြောက် ယောက်ကို   သူတို့ကားထဲမှာပဲ အနောက်မှာ   တိပ်အမည်းတွေနဲ့
လက်ရယ်၊  ပါးစပ်ရယ်၊  မျက်လုံး ရယ်ကို ပိတ်ခဲ့ပါတယ်။ ပိတ်ပြီး ကျွန်တော်တို့   အဲဒီပိုက်ဆံအိတ် များကိုပါလာတဲ့  ခွေးဘီလူးကား ပေါ်    ပြောင်းတင်ကြပါတယ်။ ပြောင်းတင်ပြီး       ပြန်လာတော့  ကုလားကြီးက       ခေါင်းခန်းမှာ မောင်းပါတယ်။    ကျွန်တော်က ကားရဲ့နောက်အခန်းမှာ  ပိုက်ဆံ အိတ်ပြုတ်ကျမှာ   ကြောက်လို့ လိုက်ခဲ့ပါတယ်။   စည်သူဖြိုးနဲ့ ရန်လင်းထွေးကတော့ လာတုန်း ကလိုပဲ        ဆိုင်ကယ်တစ်စီး၊ ကျော်ကြီးနဲ့ ရန်နိုင်နဲ့က လာတုန်း ကလိုပဲ ဆိုင်ကယ်တစ်စီး ပြန်ပါ တယ်။ ကျွန်တော်နဲ့ ကုလားကြီး နဲ့က  လုလာတဲ့ ပိုက်ဆံတွေကို သယ်လာတဲ့ယာဉ်က     တစ်စီး၊  စည်သူဖြိုးနဲ့  ရန်လင်းထွေးနဲ့က ဆိုင်ကယ်တစ်စီး စက်မှုဇုန်လမ်း ကနေပြီးတော့   စာကလေးကျေးရွာ ကို  ဖြတ်ပြီး  မြို့ရှောင်လမ်းကို ဖောက်ထွက်ကာ    ဓမ္မဒူတမဂ္ဂင် ကျောင်းတိုက်ကို   ကျွန်တော်တို့ သွားပါတယ်။ ရန်နိုင်နဲ့ ကျော်ကြီး နဲ့ကတော့        သူ့အစီအစဉ်နဲ့သူ လမ်းဟောင်းအတိုင်း ပြန်သွားပါ တယ်။ 
ကျွန်တော်တို့     ဆရာလေး ကျောင်းထဲကိုရောက်တာ ၃ နာရီ
ဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ထိုကျောင်းတိုက်ကို ရောက်တော့   ကျွန်တော်ရယ်၊ ကုလားကြီးရယ်၊ စည်သူဖြိုးရယ်၊ ရန်လင်းထွေးရယ်က  ကားပေါ်မှာ ပါလာတဲ့ ပိုက်ဆံတွေကို ဆရာ လေးတို့     ဆွမ်းစားဆောင်ထဲ ခုတင်ပေါ်ကို ပြောင်းရွှေ့ပြီးတော့ ထားတယ်။   ပါလာတဲ့  သေနတ် နှစ်လက်ကိုလည်း    အဲဒီမှာထား တယ်။    ပြီးတော့    မျိုးကိုကို ကျွန်တော်က    ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီး ငါတို့ရောက်ပြီဆိုတဲ့အကြောင်းပြောတော့     မျိုးကို ကနေပြီး  ကုလားကြီးတို့လည်း တစ်ယောက်သိန်း ၂၀၀ စီ ပေးဦး ဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။
ပြောတော့ ကျွန်တော် ကုလားကြီး  ကို တစ်သောင်းတန်ခြောက်စည်း  သိန်းခြောက်ရာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပြီးတော့ ပေးလိုက်ပြီး ကား သွားပြန်ထားဖို့ ပြောပါတယ်။ အဲဒီ သိန်းခြောက်ရာက  ကုလားကြီး ရယ်၊  ကျော်ကြီးရယ်၊    ရန်နိုင် ရယ်   တစ်ယောက်သိန်းနှစ်ရာစီ
အတွက် သိန်းခြောက်ရာ ထည့် ပေးလိုက်တာ     ဖြစ်ပါတယ်။ တစ်သောင်းတန်အိတ်တွေ  အထဲ မှာ   GPS   ပါမပါ  ကျွန်တော်တို့ ဖောက်ပြီးတော့ စစ်ခဲ့ကြပါတယ်။ အိတ်တချို့တစ်ဝက်က  ဆုတ်ပြဲ သွားတယ်၊   သုံးလို့မရတော့တဲ့ အတွက်ကြောင့်   ကျွန်တော်တို့ အိတ်အမည်းတွေနဲ့  လှယ်ပြီးထည့် ခဲ့ကြပါတယ်။      အဲဒီအိတ်တွေ အကုန်လုံးကို ဆွမ်းစားကျောင်းထဲ မှာပဲ   ကျွန်တော်တို့  ထားခဲ့ကြ တယ်။ အဲဒီအချိန်မှာ ထုပ်ပိုးလို့ မလောက်တော့လို့   ပိုက်ဆံ သိန်း ၇၀၀ အပြင်မှာ ပိုနေခဲ့တယ်။ ပိုနေ တော့ စည်သူဖြိုးက အိမ်ယူသွား မယ်ဆိုပြီးတော့   ပြောပါတယ်။ ကုလားကြီးက    အဲဒီအချိန်မှာ ကျွန်တော့်ကို ဆိုင်ကယ်နဲ့လာပြီး တော့ ကြိုပါတယ်။ အဲဒီအချိန်မှာ စည်သူဖြိုးနဲ့   ကုလားကြီးနဲ့က  သိန်း   ၄၀၀  ကို ယူပြီးတော့ သူ့ဆိုင်ကယ်နဲ့တစ်စီး၊ ကျွန်တော် နဲ့ ရန်လင်းထွေးနဲ့က ကုလားကြီး လာခေါ်တဲ့   ဆိုင်ကယ်နဲ့  သိန်း ၃၀၀    နဲ့တစ်စီး      အဲဒီလိုမျိုး ကျွန်တော်တို့ ပြန်ခဲ့ကြတယ်။    
စည်သူဖြိုး    အိမ်ကိုရောက် တော့  ကျွန်တော်ကဘောက်ထဲက သိန်း ၃၀၀ ကိုထုတ်ပြီး  စည်သူဖြိုး အိမ်ပေါ်က ခုတင်ပေါ်ကို တင်ထား ခဲ့ပါတယ်။ အဲဒီကိုရောက်တော့ ကုလားကြီးက     သူ့အိမ်ကိုသူ ပြန်သွားခဲ့ပါတယ်။ ပြီးတော့ အဲဒီ ည ၈ နာရီမှာပဲ    လုံခြုံရေးတပ်ဖွဲ့ဝင် တွေက ဖမ်းဆီးခြင်းကို  ကျွန်တော် ရယ်၊   စည်သူဖြိုးရယ်၊   ရန်လင်း ထွေးရယ် သုံးယောက်ခံရပါတယ်။