
ပဲခူး အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ CMP စက်ရုံ များဖြစ်သည့် Bago Sports Gloves Co.,Ltd. (လက်အိတ်စက်ရုံ)နှင့် KM Heal-thcare Myanmar Co.,Ltd. (ခွဲစိတ်ခန်းတစ်ခါ သုံးအဝတ်အထည် ထုတ်လုပ်ရေးစက်ရုံ) တို့မှ အလုပ်သမားများအား အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ လျော့နည်း စေရန်အတွက် ဥပဒေပါ ရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များကို သိရှိစေရန် အလုပ် သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့တို့က လက်ရှိကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါ အကြောင်းအရာများ အား နားလည်စေရန် အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက အဆိုပါစက်ရုံများ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေး အဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တိုင်းဒေသ ကြီး ဦးစီးမှူးများက အလုပ်သမားဥပဒေပါ အကြောင်းအရာများကို ဟောပြော ဆွေးနွေးကြသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုသည် စက်ရုံအတွင်း လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စက်ရုံရှိ အစည်းအဝေးခန်းမ၌ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဘေးအန္တရာယ်ကင်းရှင်းသော လုပ်ငန်းခွင်များ ဖြစ်ပေါ်လာရေး၊ အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင် ဆက်ဆံရေး အေးချမ်းသာယာ ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)