ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

ပဲခူး   မေ    ၂၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍        ကဆုန်လပြည့် (ဗုဒ္ဓနေ့)  မေ ၂၂ ရက် ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်‌ဆံတော် ရှင်    ရွှေမော်ဓောစေတီတော် မြတ်ကြီး  အရှေ့ဘက်မုခ်  မဟာ ဗောဓိညောင်ပင်၌        ကဆုန် ညောင်ရေသွန်း လောင်းပူဇော်ခြင်း  မင်္ဂလာအခမ်းအနား    ကျင်းပရာ တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် ဇနီး တက်ရောက်ကြည်ညိုခဲ့သည်။ 
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပက   အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့ များ၊  ပဲခူးမြို့နေ  ပြည်သူများက ရွှေမော်ဓော စေတီတော်မြတ်ကြီး အား    လက်ယာရစ်လှည့်လည် ပူဇော်ပြီး မဟာဗောဓိ ပင်ကို  ပန်း၊  ရေချမ်း  ကပ်လှူ ပူဇော်ခြင်းများ ပြုလုပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊  အစိုးရအဖွဲ့       တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင် များက    “ဒုက္ခပတ္တာစနိဒ္ဒုက္ခာ”  ဂါထာတော်ကို သုံးခေါက်ရွတ်ဆို    မေတ္တာပို့သပြီး      မဟာဗောဓိ ညောင်ပင်အား  ညောင်ရေတော် များ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)