Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူ

 

နေပြည်တော်  အောက်တိုဘာ ၂၇ 
နိုင်ငံတော်အစိုးရက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက်  အလေး ထားဆောင်ရွက်လျက်ရှိရာ ဝိသမ လောဘသားများအနေဖြင့် Online  မှတစ်ဆင့်  ငွေကြေးလိမ်လည်မှု များပြုလုပ်နိုင်ရန် ရန်ကုန်မြို့တွင် အခြေပြု၍   ပြည်ပနိုင်ငံသားများ ၏   အချက်အလက်များ   ရှာဖွေ စုဆောင်းကာ တစ်ဖက်လိမ်လည် သူများထံသို့ ပေးပို့ရောင်းချလျက် ရှိကြောင်း          သတင်းရရှိသည့် အတွက်    လုံခြုံရေးအဖွဲ့အစည်း များက    ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ 
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး    တာမွေ မြို့နယ် ဦးချစ်မောင်လမ်း၊ ဦးချစ် မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)တွင်      ရုံးခန်းဖွင့်လှစ်ထားသည့် Supportfix Co.,Ltd အား သတင်း အရ လုံခြုံရေးအဖွဲ့အစည်းများကဝင်ရောက်      စီးနင်းရှာဖွေခဲ့ရာ ဇူကျန်း(ခ) လောက်ဖ၊   ၃၄ နှစ်၊ (ဘ)   ဦးလောက်ရှီး   အပါအဝင် တရားခံ  ကျား ၆၆ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်း    ၈၈ ဦးတို့ကို    ပြည်ပ နိုင်ငံသားများ၏ အချက်အလက် များစုဆောင်း၍ ငွေကြေးလိမ်လည် နိုင်ရေး ဆောင်ရွက်ရာတွင်အသုံး ပြုသည့် ကွန်ပျူတာ၊  မိုဘိုင်းဖုန်း စသည့်    ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ 
ဆက်လက်၍ တရားခံဇူကျန်း (ခ)လောက်ဖ၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ် ကမ်းနားအလယ် ရပ်ကွက် လှိုင်မြစ်လမ်းရှိ Spring Line ကွန်ဒို၊ (၅)လွှာ၊ အခန်း(၅၀၁)သို့  ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျန်းယွိ၊ (၃၀)နှစ်၊ (ဘ) ကျော်ရုံ ရွှန်းအပါအဝင် ကျားငါးဦး၊ မနှစ်ဦး၊  စုစုပေါင်း ခုနစ်ဦးတို့ကို ဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖော်ထုတ်    ရရှိချက်များအရ Supportfix Co.,Ltd    အတွက် ဝန်ထမ်းများရှာဖွေပေးသူ ကမာ ရွတ်မြို့နယ်   နာနတ်တောလမ်း၊ Dimond Condo(၇)လွှာနေZhan Tu Co.,Ltd   ပိုင်ရှင်   ရန်လုံရှင်း အား     သွားရောက်ရှာဖွေခဲ့ရာ ထွက်ပြေး       တိမ်းရှောင်သွားခဲ့ သဖြင့် ရုံးခန်းဖွင့်လှစ်ထားသည့်ကမာရွတ်မြို့နယ်   Time   City Office Tower(3)၊(၁၅)လွှာ၊ အခန်း အမှတ်(၁၅၀၂)အား ဆက်လက် ရှာဖွေ    ချိပ်ပိတ်သိမ်းဆည်းခဲ့ ကြောင်း သိရှိရသည်။
စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါအဖွဲ့များအနေဖြင့် ပြည်ပ နိုင်ငံသားများထံမှ  ငွေကြေးများ လိမ်လည်     ရယူနိုင်ရန်အတွက် ပစ်မှတ်များ ရှာဖွေစုဆောင်းခြင်း၊ ရရှိသည့် ပစ်မှတ်များ၏ ကိုယ်ရေး အချက်အလက်များ     ရယူရန် အတွက် ဝန်ထမ်းများအား အဖွဲ့ တစ်ဖွဲ့လျှင် ၁၀ ဦးစီခန့်ဖြင့် အဖွဲ့ ငယ်  ၈ ဖွဲ့    ဖွဲ့စည်းထားရှိပြီး WhatsApp လူမှုကွန်ရက်မှတစ်ဆင့်  ပစ်မှတ်များထံ     ဆက်သွယ်၍ အချက်အလက်များ   ရယူလေ့ရှိ ကြောင်း၊ ရရှိသည့်အချက်အလက် များအား စုဆောင်း၍ ငွေကြေး လိမ်လည်မည့် အခြားအဖွဲ့များသို့ ပြန်လည်        ရောင်းချခြင်းများ  ပြုလုပ်လျက်ရှိကြောင်း     စိစစ် တွေ့ရှိရသည်။
ထိုကဲ့သို့ Online လူမှုကွန်ရက်  မှတစ်ဆင့်     ပြည်ပနိုင်ငံသားများ ထံမှ ငွေကြေးလိမ်လည်မှုပြုလုပ် နေသူ ဖမ်းဆီးရမိတရားခံ ၉၅ ဦး အား       တရားဥပဒေနှင့်အညီ  ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့်    မိဘ ပြည်သူများ       အနေဖြင့်လည်း အထက်ပါကဲ့သို့ ငွေကြေးလိမ်လည်  နေသည့်     အဖွဲ့အစည်းများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ  လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း အသိ ပေး        သတင်းထုတ်ပြန်ထား  သည်။         သတင်းစဉ်