ကမ္ဘာ့ချန်ပီယံစက်ဘီးသမား ကာရယ် လီ မက်ကော်လိခ်မှာ အားကစားသမား ဘဝမှ အနားယူတော့မည်ဟု ကြေညာခဲ့ သည်။ ၎င်းမှာ ယခုနှစ်အစောပိုင်း၌ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်အတွက် နောက်ကျော ဒဏ်ရာကြောင့် လက်ရွေးစင်အဖြစ်မှ လွဲချော်ခဲ့သည်။
အသက် ၃၃နှစ်အရွယ် ကာရယ်လီ မက်ကော်လိခ်မှာ ကမ္ဘာ့ချန်ပီယံလေးကြိမ် ရထားသူဖြစ်ပြီး  ၂၀၁၂  ခုနှစ်  လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင်  အသင်းလိုက်   ကြေးတံဆိပ်ဆုရရှိခဲ့သူလည်းဖြစ်သည်။ ကာ ရယ်လီ  မက်ကော်လိခ်နှင့်  စတက်ဖနီ မော်တွန်တို့မှာ   တိုကျိုအိုလံပစ်ပြိုင်ပွဲ မတိုင်မီ အသင်းလိုက် ဆုတံဆိပ်ရရှိရန် နာမည်ကြီးနေသော်လည်း အိုလံပစ်ပွဲမှာ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ယင်းပွဲ မတိုင်မီ  မော်တွန်က  အားကစားသမား ဘဝမှ အနားယူသွားခဲ့သည်။
ဩစတြေးလျနိုင်ငံသည် အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲတွင်   မက်ကော်လိခ်၊ မော်တွန်နှင့်    အန်နာ       မီရာစ်တို့ဖြင့် အင်အားကောင်းခဲ့သည်။ သို့သော်လည်း အန်နာမီရာစ်သည် ၂၀၁၆ ခုနှစ်     ရီယို အိုလံပစ်အားကစားပြိုင်ပွဲ     ပြီးနောက် အနားယူခဲ့ပြီး မက်ကော်လိခ်နှင့် မော်တွန် တို့မှာလည်း ယခုအခါ အားကစားသမား ဘဝမှ အနားယူသွားပြီဖြစ်သည်။
အောင်
      


