ဩစတြေးလျကမ်းလွန်၌ ကီလိုမီတာ ၁၈၀ ရှည်လျားသော ပင်လယ်မြက်ခင်းကို တွေ့ရှိ

 

ကင်ဘာရာ   ဇွန်  ၁


ဩစတြေးလျ သုတေသီများသည် နိုင်ငံ၏ အနောက်ဘက်ကမ်းလွန် တွင်   ကမ္ဘာ့အကြီးဆုံး ပင်လယ် မြက်ခင်းကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။ 

 


ဇွန်   ၁  ရက်က   ထုတ်ပြန် သော      လေ့လာမှုတစ်ခုတွင် ဩစတြေးလျ     တောင်ပိုင်းရှိ ဖလင်ဒါစ်       တက္ကသိုလ်နှင့် အနောက်ပိုင်း    တက္ကသိုလ်တို့မှ သုတေသီများသည် ဩစတြေးလျ အနောက်ပိုင်း      ရှတ်ပင်လယ် အော်တွင်       ကီလိုမီတာ ၁၈၀ ရှည်သော ပင်လယ်မြက်ခင်းတစ်ခု ကို  ရှာဖွေတွေ့ရှိကြောင်း ဖော်ပြ ထားသည်။ 

 


အဆိုပါ   သုတေသီများသည် မျိုးရိုးဗီဇကိရိယာများကို အသုံး ပြုကာ     ရှတ်ပင်လယ်အော်ရှိ ပင်လယ်မြက်များ၏ ကွဲပြားမှုကို သိရှိနားလည်ရန်အတွက် ကြိုးစား ခဲ့ကြသည်။ အဆိုပါ မြက်ခင်းကြီး သည်    ကြီးမားသော   သက်ရှိ မျိုးစိတ်တစ်ခုဖြစ်ကြောင်း  ရှာဖွေ တွေ့ရှိသည့်အတွက်    သုတေသီ များက       အံ့ဩမှင်သက်ခဲ့ကြ ကြောင်း သိရသည်။ သုတေသီများ ရှာဖွေတွေ့ရှိသည့်     အဆိုပါ ပင်လယ်မြက်သည်    အနည်းဆုံး   နှစ်ပေါင်း  ၄၅၀၀  ခန့် သက်တမ်း ရှိသည်ဟု ခန့်မှန်းထားသည်။ 

 


ဖလင်ဒါစ်တက္ကသိုလ်မှ ဂေဟ ဗေဒပညာရှင်နှင့်   လေ့လာမှုကို ပူးတွဲရေးသားသူ မာတင်ဘရိဒ်က အဆိုပါအပင်  ရှင်သန်ဖြစ်ထွန်း နေခြင်းနှင့်  ပတ်သက်ပြီး    အဖွဲ့ အနေဖြင့်       စဉ်းစားရခက်နေ ကြောင်း   ပြောသည်။

 


ထို့ပြင်  နောက်ထပ်စမ်းသပ် မှုများ   ထပ်မံပြုလုပ်ပြီးနောက် အဆိုပါအပင်သည်   ဆက်လက်     ကြီးထွားလာဖွယ်ရှိကြောင်း သိရ သည်။  

  
ဆင်ဟွာ