
နေပြည်တော် ဇူလိုင် ၂၈
နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်း မြို့နယ်များ၌ နယ်မြေလုံခြုံရေး တာဝန်များ ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းက နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင် များက သွားရောက်တွေ့ဆုံ ၍ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်သည်။
အလားတူ မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ယနေ့မွန်းလွဲ ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံ အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စား သောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်