
နေပြည်တော် ဩဂုတ် ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း)တွင် EFI (Electronic Fuel Injection) သင်တန်း၊ PLC (Programable Logic Contro- ller) သင်တန်းနှင့် Phone Advance သင်တန်းများ ဆင်းပွဲ ကို ဩဂုတ် ၁၁ ရက်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပ ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တက်ရောက် ၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။ (အောက်ပုံ)
EFIသင်တန်းတွင် သင်တန်း သား ၁၅ ဦး၊ PLC သင်တန်းတွင် သင်တန်းသား ၁၂ ဦးနှင့် Phone Advance သင်တန်းတွင် သင်တန်း သားရှစ်ဦး စုစုပေါင်း ၃၅ ဦးဖြင့် သင်တန်းကာလ သုံးလကြာ လက်တွေ့ခန်းသုံး ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံ စွာထောက်ပံ့ပေး၍ နေထိုင် စားသောက်ရေး အခမဲ့ဖွင့်လှစ် သင်ကြားပေးပြီး သင်တန်း ထူးချွန်ဆုရရှိသူများနှင့် သင်တန်း သားများအတွက် သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေး သည်။
နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (အောင်ပန်း) တွင် ၂၀၂၃ ခုနှစ် မေ ၂၂ ရက်မှ ဩဂုတ် ၁၁ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေး လျက်ရှိရာ သင်တန်းကျောင်း စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်း အထိ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ဂဟေ၊မော်တော်ယာဉ်စက်ပြင်နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းများ တွင် သင်တန်းသား ၁၃၅ ဦး၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်း (အိပ်ခန်းဆောင် သင်တန်း၊ အစားအစာနှင့် အဖျော် ယမကာ ဝန်ဆောင်မှုသင်တန်း)တွင် သင်တန်းသား ၄၀ စုစုပေါင်း ၁၇၅ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်