နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

 

 

နေပြည်တော်   နိုဝင်ဘာ   ၃၀
နယ်စပ်ရေးရာ    ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန  ကွပ်ကဲမှုအောက်ရှိ   အမျိုး သမီးအိမ်တွင်းမှု       သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၂၀  တွင်     နယ်စပ်ဒေသ    အပါ အဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ အမျိုး သမီးငယ်များအား    အဆင့်မြင့် စက်ချုပ်ပညာရပ်များ    သင်ကြား တတ်မြောက်စေခြင်းဖြင့်    လူမှု စီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်ပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ်   အထည်ချုပ်စက်ရုံများ  တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ် လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်း များအား  ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ရာ မွန်ပြည်နယ် မုဒုံမြို့ တွင်   ဝန်ကြီးချုပ်   ဦးဇော်လင်း ထွန်း ၊     ကရင်ပြည်နယ်       ဘားအံမြို့တွင်     ဝန်ကြီးချုပ်  ဦးစောမြင့်ဦး၊     တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့တွင် လုံခြုံရေးနှင့်    နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း၊  စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ နယ်မြေခံစစ်ဗျူဟာမှူး  ဗိုလ်မှူး ကြီး  သက်ထူးစံတို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ကျန်တိုင်းဒေသ ကြီး / ပြည်နယ်များတွင် နယ်စပ် ရေးရာဝန်ကြီးဌာန     ကွပ်ကဲမှု အောက်ရှိ ဦးစီးဌာနများမှ တိုင်း ဒေသကြီး/ပြည်နယ်ဦးစီးမှူးများ နှင့်   ခရိုင်၊  မြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့များမှ      တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။  
ယနေ့ဖွင့်လှစ်သည့် အဆင့် မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်းများသို့ သင်တန်းသူ     စုစုပေါင်း   ၇၈၀ တက်ရောက်၍  နိုဝင်ဘာ ၃၀ ရက် မှ   မတ် ၃၁ ရက်ထိ    ရက်သတ္တ ၁၈ ပတ်ကြာ  ဖွင့်လှစ်သွားမည်ဖြစ် ပြီး    နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ    အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
အမျိုးသမီး    အိမ်တွင်းမှု သင်တန်းကျောင်းများတွင်ဘဏ္ဍာ ရေးနှစ်   တစ်နှစ်လျှင်  သင်တန်း နှစ်ကြိမ်  ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၂၆၈၈ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း    သတင်းရရှိ သည်။                      သတင်းစဉ်