
မော်လမြိုင် ဧပြီ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် လျှပ်စစ်မီး မရရှိသေးသည့် နယ်စပ်ဒေသ ကျေးရွာများ မီးလင်းရေးအတွက် ဆိုလာများ၊ နယ်စပ်ဒေသ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရေးအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည့် အခြေခံပညာ ကျောင်းများသို့ ကွန်ပျူတာနှင့် ပရင်တာများ ထောက်ပံ့ပေးလျက် ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် ချက်အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ သည့် သံဖြူဇရပ်မြို့နယ် အိုင်ရှည် ကျေးရွာ အလက(ခွဲ)အတွက် ကွန်ပျူတာ နှစ်စုံ ၊ ပရင်တာ တစ်စုံနှင့် ဆိုလာသုံးစုံအား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦး၊ မွန်ပြည်နယ်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံး ညွှန်ကြားရေး မှူး ဦးဉာဏ်မျိုးတို့က ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုး တော်ဆောင်အဖွဲ့ထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ အလားတူ သံဖြူဇရပ်မြို့နယ် အိုင်ရှည် ကျေးရွာရှိ ဘုန်းကြီးကျောင်းများ သို့လည်း ဆိုလာများ လှူဒါန်း ခဲ့သည်။
သတင်းစဉ်