နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် ဝန်ထမ်းများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ   ၂၈


နယ်စပ်ရေးရာ    ဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ ကြသည့် ဝန်ထမ်းများ၏ အတွေ့ အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်    နေပြည်တော်ရှိ    အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။


အခမ်းအနားသို့    နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊    အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း    အတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန် /  ညွှန် ကြားရေးမှူးများ၊  ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှု ထမ်းများ တက်ရောက်ကြသည်။


အခမ်းအနားတွင်    ဒုတိယ ဝန်ကြီးက ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့တာဝန်များကို   ကျေပွန်စွာ ထမ်းဆောင်ရင်း  အစဉ်လေ့လာ သင်ယူနေသော   လူ့ဘောင်အဖွဲ့ အစည်း  ဖြစ်လာစေရန်နှင့်  တက် ကြွစွာ  လေ့လာသင်ယူနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြီး   ယခုကဲ့သို့   အတွေ့ အကြုံရှင်းလင်းပွဲများ ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း၊     ပြည်ပနိုင်ငံ များသို့     သွားရောက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့်   လေ့လာ သိရှိ တတ်ကျွမ်းခဲ့ကြသည့် အတွေ့ အကြုံကောင်းများကို  Know-ledge Sharing ပြုလုပ်ပေးခြင်း ဖြင့်   ဝန်ကြီးဌာနရှိ   အရာထမ်း၊ အမှုထမ်းများက မိမိတို့ဆောင် ရွက်နေသည့် နယ်စပ်ဒေသ ဖွံ့ဖြိုး ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းများ တွင်   လိုအပ်သလို    အသုံးချ ဆောင်ရွက်နိုင်မည်    ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်ပနိုင်ငံ များသို့ ပညာတော်သင်၊ သင်တန်း၊ လေ့လာရေးခရီးစဉ်များ၊ ဆွေးနွေး ပွဲ၊ အစည်းအဝေးများသို့ ရွေးချယ် စေလွှတ်ခြင်းခံရပါက နိုင်ငံတကာ နှင့်    ရင်ပေါင်တန်း  ဆောင်ရွက် နိုင်ရန်အတွက်   မိမိတို့၏  အရည် အချင်း၊    အရည်အသွေးများကို အမြဲမပြတ်      မြှင့်တင်ဖြည့်တင်း ထားကြရန်     လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် ဝန်ထမ်းများ က ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင် ပြည်နယ်များသို့    ထိုင်းနိုင်ငံ၏ အစားထိုးဖွံ့ဖြိုးရေး      စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စွမ်းရည်မြှင့်တင်ရေး  သင်တန်း ဆိုင်ရာ    ဆောင်ရွက်နေမှုအား သွားရောက်လေ့လာခဲ့မှု၊  တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ တွင် ကျင်းပပြုလုပ်သည့် Seminar on    Applied    Chinese    for Government   Officials   from ASEAN Countries သို့ တက်ရောက် ခဲ့မှုတို့နှင့်   စပ်လျဉ်း၍   အတွေ့ အကြုံများကို ရှင်းလင်းတင်ပြကြ ပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှု များ   ပြုလုပ်ခဲ့ကြောင်း  သတင်း ရရှိသည်။                  

သတင်းစဉ်