
နေပြည်တော် ဩဂုတ် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးသိန်း ဌေးဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိ မြို့နယ်ရှိ ရွှေလင်ပန်းတောင် မနှင်းဆီ တောရဘုန်းတော်ကြီး ကျောင်းနှင့် ဖိတ်ဖိတ်ရောင် ဓမ္မ လင်္ကာရသာယာကုန်း ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက် ၍ ကျောင်းတိုက်များရှိ ဝါဆို သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် လတ်တလောဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး အတွက် စာသင်တိုက်များ၊ ပရဟိတကျောင်းများသို့ ဆက် ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ ကိုဗစ်-၁၉စင်တာ များသို့လည်း လိုအပ်သော ဆေး ဝါးနှင့် အင်အားဖြည့်အစားအစာ များ ကူညီထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်