
နေပြည်တော် မေ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားခရိုင် ဓမ္မဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြား စားသောက်ဖွယ်ရာများအပြင် သံဃာတော်များနှင့် သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက် ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ သံဃာတော်များ ဆွမ်း ကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့ လည်း ကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ဒေသ အသီးသီးရှိ ကိုဗစ်-၁၉ စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်