
နေပြည်တော် ဇန်နဝါရီ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်း၊ မြိတ်ခရိုင်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစံနှင့် ဝန်ထမ်းများက မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် ဖွင့်လှစ်ထားရှိ သည့် Covid Center သို့ ကျန်းမာ ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ အင်အား ဖြည့်အစားအစာများနှင့် ရေသန့် များ ထောက်ပံ့လှူဒါန်းရာ အဆိုပါ ပြည်သူ့ဆေးရုံကြီးမှ ဒုဆေးရုံအုပ် ဒေါက်တာ တင်အောင်ဝင်းနှင့် သူနာပြုဆရာမ ကြီး ဒေါ်ခင်ဌေးတို့က လက်ခံရယူ သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် တနင်္သာရီတိုင်းဒေသ ကြီးနှင့် ခရိုင်၊ မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ Church ကျောင်းများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ လှူဒါန်း မှုများကို ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်