နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

စစ်တွေ   အောက်တိုဘာ ၁၉ နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ဆက်ကပ်လှူဒါန်း လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆက်ကပ်လှူဒါန်းရာ တွင် မြောက်ဦးခရိုင်၊ ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက မင်းပြားမြို့ ရတနာ့ ဗိမာန် ဘုန်းတော်ကြီး ကျောင်း တိုက် ဆရာတော်ကြီးထံသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆားနှင့်ပဲများကို သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲများကို ဆက်ကပ်ထောက်ပံ့လှူဒါန်းလျက် ရှိကြောင်း သိရသည်။ ကိုထွန်း