နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်း

 

နေပြည်တော်    ဧပြီ   ၃၀  


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေး   ဦးစီးဌာနမှ ဒုတိယ   အင်ဂျင်နီယာမှူးကြီး ဦးဇော်ဝင်းလှိုင်နှင့်   တာဝန်ရှိသူ များသည်    ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်   ကောင်စီနယ်မြေ အတွင်းရှိ   ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် သီရိရတနာ ဘုန်းတော်ကြီးသင်         ပညာရေး ကျောင်း(ဒုန်တော) ကျောင်းတိုက် ရှိ သံဃာတော်များ၊    စာသင်သား သာမဏေများအတွက် ဆွမ်းဆန်‌ တော်၊   ဆီ၊   ပဲနှင့်   ကြက်ဥများ လှူဒါန်းသည်။ 

 


  ထောက်ပံ့ကူညီ


နယ်စပ်ရေးရာ  ဝန်ကြီးဌာန အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင်  တိုင်းဒေသကြီး နှင့်ပြည်နယ်ရှိ   သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေး စာသင်တိုက်များသို့         လည်း ကောင်း၊ ပရဟိတကျောင်းများသို့ လည်းကောင်း  စားနပ်ရိက္ခာများ ထောက်ပံ့  လှူဒါန်းလျက်ရှိသည့် အပြင် ဒေသအသီသီးရှိ ကိုဗစ်-၁၉ စင်တာများသို့လည်း စားနပ်ရိက္ခာ များ    ထောက်ပံ့ကူညီပေးလျက်ရှိ ကြောင်း သိရသည်။   

သတင်းစဉ်