
နေပြည်တော် ဒီဇင်ဘာ ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်း ပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးလျက် ရှိသော သံဃာတော်များအား ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲ များကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများက မိုင်းကိုင် မြို့နယ် “မဟတ်” ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေ၊ ကိုရင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
သတင်းစဉ်