နယ်စပ်ရေးရာဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ထောက်ပံ့လှူဒါန်း

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း၌  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိ၍     တိုင်း ဒေသကြီး၊    ပြည်နယ်၊     ခရိုင်၊ မြို့နယ်၊     ကျေးရွာများအလိုက် စာသင်တိုက်များ၊    ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း တိုက်များသို့  ဆန်၊  ဆီ၊   ဆား ကုလားပဲများ ထောက်ပံ့လှူဒါန်း ပေးလျက်ရှိရာ     စစ်ကိုင်းတိုင်း ဒေသကြီး   တမူးခရိုင်  တမူးမြို့ နယ် အေးချမ်းဝေစည် ဘုန်းတော် ကြီးကျောင်းတိုက်နှင့် အသောက  သီလရှင်ကျောင်းတိုက်    တို့အား ဆွမ်းဆန်၊   ဆီ၊   ပဲများ  စသည့် လှူဒါန်းဖွယ်ထောက်ပံ့ပစ္စည်းများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ     ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   တမူးခရိုင်    ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး    ဝန်ထမ်းများက    ယမန်နေ့  နံနက်ပိုင်းတွင်    သွား ရောက်       ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။    
သတင်းစဉ်