နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများမှ မုန်တိုင်းဒဏ်‌သင့်ဘင်္ဂါလီများနှင့် တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများပေးအပ်

 

စစ်တွေ    မေ   ၁၇


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့်   ရခိုင်ပြည်နယ်   ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းက    စစ်တွေမြို့နယ်၊    သက္ကယ်ပြင် ကျေးရွာသို့ သွားရောက်ပြီး သက္ကယ်ပြင် တိုက်နယ်ဆေးရုံ၌     IDP     စခန်းများမှ မုန်တိုင်းဒဏ်သင့် ဘင်္ဂါလီ စခန်းတာဝန်ခံ များနှင့် တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။

 


တွေ့ဆုံစဉ်      ပြည်ထောင်စုဝန်ကြီး က   မုန်တိုင်းဒဏ်ခံခဲ့ရသော   ရခိုင်ပြည် နယ်ရှိ ပြည်သူများအား ကူညီကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးကိစ္စများ၊ ပြန်လည် ထူထောင်ရေးကိစ္စများကို        အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်     မုန်တိုင်းဒဏ်ခံခဲ့ရ သော IDP စခန်းများတွင်နေထိုင်သူများ အတွက်လည်း တစ်ပြေးညီကူညီ‌ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့ ပေးအပ်သည့်   ဆန်နှင့်  အသုံးအဆောင် ပစ္စည်းများသည် လတ်တလော စားဝတ် နေရေး  အဆင်ပြေစေရန်       ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍လည်း လိုအပ် ချက်များကို   ဆက်လက်  ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီး  ချုပ် ဦးထိန်လင်းက မုန်တိုင်းဒဏ်ကြောင့်  ရခိုင်ပြည်နယ်အတွင်းရှိ    မြို့နယ်များ တွင်  ထိခိုက်ဆုံးရှုံးမှုများ  များစွာရှိနေပါ ကြောင်း၊    မိမိတို့  ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်    နိုင်ငံတော်အစိုးရ၏     ကူညီ ထောက်ပံ့ပေးမှုများ၊     အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ IDP   စခန်းများတွင်   နေထိုင်ကြသူများ အတွက်လည်း ထောက်ပံ့မှုများကို ဆောင် ရွက်ပေးနေသကဲ့သို့   ဆက်လက်၍လည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ပြည်နယ်     အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပြီး     ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားသည်။

 


IDP   စခန်းများတွင်   နေထိုင်ကြသူ များအား    မိုခါမုန်တိုင်းနှင့်   ပတ်သက်၍  ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊      တပ်မတော်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊    စခန်းတာဝန်ခံများ၊   လူမှုရေး အဖွဲ့များမှ   သတိပေးခြင်း၊   ပြောင်းရွှေ့ ပေးခြင်းတို့ကို  ကူညီဆောင်ရွက်ပေးခဲ့မှု များအား    စခန်းတာဝန်ခံများနှင့်     IDP စခန်းများတွင်  နေထိုင်သူများက  တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က    ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး     စစ်တွေမြို့နယ် အတွင်းရှိ IDP စခန်း ၁၂ ခုတွင် နေထိုင် ကြသည့် မုန်တိုင်းဒဏ်သင့်  ဘင်္ဂါလီများ အတွက်  ဆန်အိတ်   ၁၂၀၀၊   ဆီပိဿာ ၁၅၀၀၊ ပဲ ပိဿာ၂၂၀၀ နှင့် တာပေါ်လင်စ ၃၆ လိပ်တို့ကို ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။            

တင်ထွန်း(ပြန်/ဆက်)