နယ်စပ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅  
နယ်စပ်ရေးရာဝန်ကြီးဌာန     မြန်မာ့ရိုးရာ   ထမနဲ ထိုးပြိုင်ပွဲကို ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန   ရုံးဝင်းအတွင်း  ကျင်းပရာ  ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများကို     ဒုတိယဝန်ကြီးများနှင့်    တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးကြပြီး ဆုရရှိသည့် အသင်းများကို ဆုများပေးအပ်ကြသည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာန၏     မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို     ဝန်ကြီးရုံး၊   ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အသင်း သုံးသင်း ပါဝင်ခဲ့ကြပြီး ပြိုင်ပွဲဝင် အသင်းများအနေဖြင့်    ပျော်ရွှင်စွာ   ယှဉ်ပြိုင်ခဲ့ကာ  ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာ     အားပေးကြည့်ရှုခဲ့ကြကြောင်း   သိရ သည်။  
သတင်းစဉ်