နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


ပွင့်လင်းရာသီတွင်     ဖြစ်ပေါ်လေ့ ရှိသော   တောမီးလောင်ခြင်းနှင့်    တောင်ယာမီးရှို့ခြင်းတို့မှ   ထွက်ရှိ သော   မီးခိုးမြူငွေ့နှင့်    ပြာမှုန့် များကြောင့်     လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိသဖြင့် Fire Hot-spots မီးလောင်ကျွမ်းမှု များပြား နေခြင်းကို    လျှော့ချသွားရန်၊ မီးလောင်ကျွမ်းခြင်း  များကြောင့် ဖြစ်ပေါ်လာသော       မီးခိုးမြူငွေ့ ညစ်ညမ်းမှုကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ    ဆိုးကျိုးများကို   ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍   ပြည်ထောင်စု နယ်မြေ၊  နေပြည်တော်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု    လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည် တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ      နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင် မောင်နိုင်က     ပြည်ထောင်စု နယ်မြေ၊     နေပြည်တော်သည်    ၂၀၁၇  ခုနှစ်တွင်   ပေးအပ်ခဲ့သော အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ရေရှည်တည်တံ့သော မြို့ကြီးများဆု  (ASEAN Environ-mental     Sustainable   Cites Award)ကို ရရှိထားပြီးဖြစ်သည့် အတွက် အစိမ်းရောင်မြို့တော်များ အင်္ဂါရပ်နှင့်အညီ  သန့်စင်သော လေရရှိမှု၊         သန့်ရှင်းသောရေ ထောက်ပံ့ပေးနိုင်မှု၊     ကောင်းမွန် သည့်     စွန့်ပစ်ပစ္စည်း    စီမံခန့်ခွဲမှု အလေ့အထများ  စသည့်ပတ်ဝန်း ကျင်        ထိန်းသိမ်းရေးဆိုင်ရာ အခြေခံစံနှုန်းများကို အလေးထား လိုက်နာဆောင်ရွက်ရမည်    ဖြစ် ကြောင်း၊ အမြဲစိမ်းလန်းသာယာ လှပရေး၊      ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ  ဆောင်ရွက်ရာ တွင်    ပတ်ဝန်းကျင်၊    လူမှုရေး၊ စီးပွားရေး        မဏ္ဍိုင်  သုံးခုကို ဟန်ချက်ညီညီ      ပေါင်းစပ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍအနေဖြင့် ပြည်သူလူထု ပူးပေါင်းလာစေရန် အသိပညာပေး ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊     တောမီးနှင့်    အခြား မီးလောင်ကျွမ်းခြင်း များကြောင့် ဖြစ်ပေါ်လာနိုင်သည့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု      လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များကို      ထိရောက်စွာ    အကောင်အထည်ဖော်    ဆောင် ရွက်နိုင်ရန်     သက်ဆိုင်ရာဌာန များအနေဖြင့်  ပေါင်းစပ်ညှိနှိုင်း  ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 


ထို့နောက်    နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန   ညွှန်ကြားရေးမှူး  ဒေါ်ခင်ခင် ဆွေက နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ ညစ်ညမ်းမှု လျှော့ချရေး ဆိုင်ရာ      လုပ်ငန်းဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်    တက်ရောက် လာကြသည့်  ဌာနဆိုင်ရာများက     နယ်စပ်ဖြတ်ကျော်     မီးခိုးမြူငွေ့ ညစ်ညမ်းမှု     လျှော့ချရေးဆိုင်ရာ    လုပ်ငန်းစဉ်များနှင့်     ပတ်သက်၍   သက်ဆိုင်ရာ   ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး   တင်ပြကြရာ    နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက    လိုအပ်ချက် များကို ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက်        နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင် မောင်နိုင်က   ဆွေးနွေးချက်များ အပါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံး ချုပ်   အမှာစကား  ပြောကြားခဲ့ ကြောင်း သိရသည်။                            


သတင်းစဉ်