နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ အဆက်မပြတ်ဝင်ရောက်လျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၁၈


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေး ပစ္စည်းကိရိယာများ       တင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူစွာဆောင်ရွက်နိုင် ရေးအတွက် လိုအပ်သည့် ဖြေလျှော့မှုများကို  ဆက်စပ်ဌာနများနှင့်   ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ကုန်သွယ်ရေး ဇုန်နှင့်    စခန်းများမှကုမ္ပဏီ  ၁၃    ခုမှ မော်တော်ယာဉ်    ၂၁   စီးဖြင့်     Oxygen (အရည်)   လီတာ  (၁၅ ဒသမ ၄၁၈)  သန်း၊Oxygen ဓာတ်ငွေ့အိုးဖြင့် လီတာ ၄၀၀၀ ၊ Oxygen အိုးအခွံ ၂၆၂၃ ခု၊ PPE ဝတ်စုံ ၁၂၇၉၅ စုံ၊ လက်အိတ်အစုံ ၁၉၀၀၀၊ Mask  တန်  ၁၈၀ တင်သွင်းနိုင်ခဲ့သည်။


သို့ပါ၍ ဇူလိုင် ၁၂ ရက်မှ ၁၈ ရက်အထိ  Oxygen (အရည်) လီတာ ၄၉ သန်း၊ အိမ်သုံး Oxygen Concentrator ၆၅၀၅ ခု၊ Mask  တန်  ၂၉၀  တင်သွင်းနိုင်ခဲ့သည်။
ကိုဗစ်-၁၉   ရောဂါ   ကာကွယ်   ကုသရေးဆိုင်ရာ    ဆေးဝါးများ တင်သွင်းရာတွင် ထိုင်းနိုင်ငံမှ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်း များကို    အဓိကလမ်းကြောင်းဖြစ်သည့်    မြဝတီကုန်သွယ်ရေးဇုန်မှ အများဆုံးတင်သွင်းနိုင်ခဲ့ပြီး ရောဂါထိန်းချုပ်မှုအတွက် နိုင်ငံတော်မှ  ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ဇူလိုင် ၁၂ ရက်မှ ၁၈ ရက်အထိ မော်တော်ယာဉ် ၁၁၇ စီး တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့် စတင်တင်သွင်း သည့် ဇူလိုင် ၁၂ ရက်မှစပြီး ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်း နိုင်ရေး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများကို နေ့စဉ်ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။                

 သတင်းစဉ်