နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ    ၅


နယ်စပ်ဒေသနှင့်    တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး    လုပ်ငန်းကော်မတီ    လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏         ဖွံ့ဖြိုး တိုးတက်မှု     အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်    ဒုတိယဝန်ကြီးများ၊  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့်   တာဝန်ရှိသူများ    တက် ရောက်ကြပြီး     တိုင်းဒေသကြီးနှင့် ပြည်နယ်   လုံခြုံရေးနှင့်   နယ်စပ်ရေးရာ ဝန်ကြီးများက    Zoom     Application Online    System   ဖြင့်      တက်ရောက် ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် ဆပ်ကော်မတီ များနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ များမှ ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက်  လုပ်ငန်းစီမံချက်များကို   စိစစ်ပြီး   ဗဟို ကော်မတီသို့တင်ပြ၍ ဗဟိုကော်မတီက  အတည်ပြုပေးသည့် နှစ်တို၊ နှစ်ရှည် ပင်မ စီမံကိန်းများနှင့်  လတ်တလော  ဆောင် ရွက်ရန်     ချမှတ်ပေးသည့်      ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေး ခြင်း စသည့်လုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။


နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်  နယ်စပ်ဒေသရှိ  လူမှုစီးပွားဘဝ  အခြေခံ အဆောက်အဦများ အမြန်ဖွံ့ဖြိုးတိုးတက် စေရေး၊ နယ်စပ်ဒေသနေတိုင်းရင်းသား လူငယ်များ ထူးချွန်ထက်မြက်ပြီး ဗလ ငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်း အမြစ်များ ဖြစ်ပေါ်လာစေရေးနှင့် ရည်မှန်း ချက်များ     အောင်မြင်စေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ပြီးကော်မတီ  အဆင့် ဆင့်အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်နီးကပ်စွာ ပူးပေါင်း၍ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် တိုက်တွန်းမှာကြားသည်။


ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ၏       ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး     လုပ်ငန်း ကော်မတီ တွဲဖက်အတွင်းရေးမှူး နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ချုပ်က   လုပ်ငန်းညှိနှိုင်းအစည်းအဝေး  အမှတ်စဉ် (၁/၂၀၂၃) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင် ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် ရမည့်    လုပ်ငန်းစဉ်များကို      ရှင်းလင်း တင်ပြသည်။


ယင်းနောက်      နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက် မှု      အကောင်အထည်ဖော်ရေးဆိုင်ရာ  လုပ်ငန်းဆပ်ကော်မတီ       ဥက္ကဋ္ဌများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်း ရေးမှူးများက နယ်စပ်ဒေသများ၌ ၂၀၂၄- ၂၀၂၅    ဘဏ္ဍာရေးနှစ်တွင်    အကောင် အထည်ဖော်ဆောင်ရွက်ရန်    လျာထား သည့် လမ်းတံတားအဆောက်အဦကဏ္ဍ၊  ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား  အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်း ကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ဆိုင်ရာကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့်  ခရီးသွားလုပ်ငန်းများ    ဖွံ့ဖြိုးရေးကဏ္ဍ၊ သာသနာရေးနှင့်     ယဉ်ကျေးမှုကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်း နှင့်    အသက်မွေးဝမ်းကျောင်း      ပညာ ဆိုင်ရာကဏ္ဍနှင့်   နောင်ဘဏ္ဍာနှစ်များ အလိုက်  ဆောင်ရွက်ရန်  လျာထားချက် များကို    ရှင်းလင်းတင်ပြကြပြီး    တက် ရောက်လာသူများက   ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ 


ထို့နောက်   ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍  ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးပေးခဲ့ပြီး အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။     


သတင်းစဉ်