ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် ဂျီ - ၇ ဝန်ကြီးများအဆင့် အစည်းအဝေးစတင်

 

တိုကျို   ဧပြီ    ၂၉


ဂျီ - ၇ အုပ်စုဝင်နိုင်ငံများ၏ ဝန်ကြီးများသည် ဉာဏ်ရည်တုနည်းပညာကို အကောင်းဆုံး အသုံးပြုနည်းနှင့် ယင်းကို မြှင့်တင်ရန်နှင့် ထိန်းညှိရန် နည်းလမ်းများအကြောင်း ဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။

 


ဂျီ-၇ နိုင်ငံများ၏ ဒစ်ဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးကို   ဂျပန်နိုင်ငံက  ဥက္ကဋ္ဌအဖြစ်  တာဝန်ယူကာ တိုကျိုမြို့ မြောက်ဘက် တာကာဆာကီမြို့တွင် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်အထိ ကျင်းပလျက်ရှိသည်။

 


လူ့အဖွဲ့အစည်းကို သိသိသာသာ ပြောင်းလဲသွားစေမည့် ဉာဏ်ရည် တုနည်းပညာအပေါ် မျှော်လင့်ချက်ကြီးကြီး ထားလျက်ရှိသော်လည်း ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုနှင့် သတင်းအချက်အလက်ပေါက်ကြား မှုများနှင့် ပတ်သက်သည့် စိုးရိမ်မှုအမျိုးမျိုးလည်း  ဖြစ်ပေါ်လျက်ရှိသည်။ 

 


ဂျီ - ၇ နိုင်ငံများမှ ဝန်ကြီးများသည် ဉာဏ်ရည်တု(AI)ကို မှန်ကန်စွာ အသုံးပြုခြင်းအတွက် လမ်းညွှန်ချက်များကို ယုံကြည်စိတ်ချနိုင်သည့် နည်းလမ်းများဖြင့် စုစည်းနိုင်ရန် ရည်ရွယ်ဆွေးနွေးလျက်ရှိသည်။


အင်န်အိတ်ချ်ကေ