ဉာဏ်ပညာ ဦးဆောင်သည့် ပင်လုံသတ္တိ

Type
1

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

ဒေါက်တာမောင်သင်း

 

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၏ အထင်ကရမှတ်တိုင်ဖြစ်သည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည်မှာ စိန်ရတုတိုင်ရှိခဲ့ပါပြီ။ တိုင်းရင်းသားများ၏ စည်းလုံးမှုဟု ကမ္ပည်းတင်ခဲ့သည်။ ပြည်ထောင်စုနေ့ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ 

 


တကယ်တော့   မြန်မာတိုင်းရင်းသားများ၏ စည်းလုံးမှု၊   ညီညွတ်မှုသတ္တိကို    ပြဆိုခဲ့ခြင်းပါ။ ထိုဖြစ်စဉ်တွင် တိုင်းရင်းသားခေါင်းဆောင်များ၏ အရည်အသွေးကို တွေ့မြင်ရပေသည်။ ခေါင်းဆောင် ကောင်းများပီပီ  ပညာဖြင့်ယှဉ်၍  ဆောင်ရွက်၏။ တာဝန်ကို သိ၏။ ကျေပွန်၏။ သူတို့ကြောက်သည့် အရာကား ထိုခေတ်က ပေးအပ်ထားသည့် သမိုင်း ပေးတာဝန်မကျေပွန်မှာ ဖြစ်သည်။ မြင့်မားသည့် အမျိုးသားရေးစိတ်ဓာတ်ကိုလည်း   ပြသခဲ့ကြ၏။ သို့အတွက်ကြောင့်  ဘုရင်ခံ ဒေါ်မန်စမစ် ကိုယ်တိုင် နှင့် တောင်တန်းဒေသဆိုင်ရာ မဟာမင်းကြီး စတီ ဗင်ဆင်တို့၏ သွေးခွဲမှုကို သတ္တိရှိရှိ  ဖြတ်ကျော်ခဲ့၏။ တိုင်းရင်းသားခေါင်းဆောင်တို့၏ စိတ်ဓာတ်အတိုင်း တောင်တန်းနေ တိုင်းရင်းသားတို့ကလည်း “မြန်မာ ပြည်မနှင့်ပူးပေါင်း၍  ပင်လုံစိတ်အတိုင်း လွတ်လပ် ရေးကို အရယူမည်” ဟူသည့် သတ္တိရှိသည့် ဆုံးဖြတ် ချက်ဖြင့်      ပင်လုံစာချုပ်ပြီး     နယ်ချဲ့အစိုးရက နောက်ထပ်  သွေးခွဲရန် ဖွဲ့စည်းထားသည့်  “တောင် တန်းဒေသ  စုံစမ်းရေးကော်မရှင်”  ကို     ပြသခဲ့ကြ သည်။

 


ဆရာကြီး ဇော်ဂျီ၏ သတ္တိအဖွင့်

အများအားဖြင့် သတ္တိဟုဆိုလိုက်လျှင် တိုက်ရဲ၊ ခိုက်ရဲ၊   စွန့်စားရဲနှင့်  အသေခံရဲမှသာ    သတ္တိဟု မြင်ကြသည်။ သို့အတွက် တစ်ခါတစ်ရံ မိုက်ရူးရဲနှင့် ရောထွေးအဓိပ္ပာယ်ဖွင့်ဆိုတတ်သည်။     မိုက်ရူး ရဲဆန်စွာ   လုပ်ဆောင်မှုကိုပင် သတ္တိဟု အမြင်မှား ကာ မှတ်ယူကြသည်။ အမျိုးသားစာဆို  ဆရာကြီး ဇော်ဂျီက “သတ္တိဆိုတာ တကယ်တော့   အသိဉာဏ် ပညာပါ” ပဲတဲ့။   ပညာနှင့်မယှဉ်သည့်    ကြံစည် လုပ်ကိုင်မှု     မှန်သမျှသည်     သတ္တိအရည်အသွေး မမြောက်ပေ။ ပညာဟာ “မှတ်သားပြီး သိရုံသက် သက်” သညာအဆင့်   မဟုတ်ပါ။ “မြင်၊ ကြား၊ သိသမျှကို   ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့်  အရည် အသွေး” ရှိရပါသည်။ “ခွဲခြားပိုင်းဖြတ်နိုင်စွမ်းရှိ၏” လို့ ဆိုလိုတာပါ။ 

 


ဆရာကြီးက ဆက်လက်ပြီး အနက်အဓိပ္ပာယ် ဖွင့်တာကတော့ “လုပ်သင့်တာကို   သိပြီး   လုပ်ရဲမှ သတ္တိ”၊   ပြီးတော့   “မလုပ်သင့်တာကို သိပြီး ရှောင်ရှားရဲတာလည်း  သတ္တိ” ပါတဲ့။ ဆရာကြီးက ဂရိတွေးခေါ်ပညာရှင်ကြီး “ဆိုကရေးတီး” ၏ အဆိုဖြစ်သည့် "Courage is actually knowledge of  what  is  formidable  and  what  is  not formidable" ကို “ပလေးတိုးနိဒါန်း”  မှာ   ထိထိမိမိ ဘာသာပြန်ထားတာပါ။ ဆောင်ရွက်လုပ်ကိုင်တာ မှန်သမျှဟာ  ဉာဏ်ပညာနှင့်ယှဉ်ပြီး  လုပ်သင့်တာ လား၊  မလုပ်သင့်ဘူးလားဆိုတာကို   အရင်ကွဲကွဲ ပြားပြားသိအောင် အရင်လုပ်ပါ။ ဉာဏ်ပညာဖြင့် ဓမ္မနှင့် အဓမ္မ၊ လုပ်သင့်၊ မလုပ်သင့် ကွဲပြားအောင် ခွဲခြားနိုင်ပြီဆိုရင် လုပ်သင့်တာဆို ပြတ်ပြတ်သား သားလုပ်၊ မလုပ်သင့်တာဆို ရဲရဲရှောင်၊ ဒါမှ သတ္တိ အစစ်   ဖြစ်ပေသည်။   ဉာဏ်ပညာနှင့်    ယှဉ်ကာ ဆောင်ရွက်မှုက     အနည်းဆုံး      မိမိ၏ရေရှည် ကောင်းကျိုးဖြစ်ထွန်းပါလိမ့်မည်။ ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်း၏အကျိုးကို  ထာဝရပေးစွမ်းပါလိမ့် မည်။ ပင်လုံမြေမှာ တိုင်းရင်းသားခေါင်းဆောင်ကြီး များက  သက်သေပြခဲ့သည်မှာ   စိန်ရတုပင်  တိုင်ခဲ့ ပါပြီ။ 

 


“ငါ့ကျွန်ရင်းက မိုက်တော့ မိုက်ပါရဲ့သတ္တိမရှိ”


အထက်ပါစကားကို မိန့်ကြားခဲ့သူမှာ တောင်ငူ ဘုရင်   “တပင်ရွှေထီး” ပင်   ဖြစ်ပါသည်။   ပဲခူးမြို့ ရွှေမော်ဓောဘုရားတွင်    နားထွင်းမင်္ဂလာပြုရန် ချီတက်ရာတွင်  လိုက်ပါရန်အတွက်  သူရဲကောင်း ရွေးရာတွင် သျှင်ရဲထွတ် (နောင်တွင် ဒုတိယမြန်မာ နိုင်ငံတော် တည်ထောင်သူ ဘုရင့်နောင်) က လက်မ ထိပ်၌ အပ်စိုက်၍  တူဖြင့်ရိုက်ကာ  ရွေးချယ်ရလေ သည်။   ထိုအခါ   တပင်ရွှေထီး၏ ငယ်ကျွန် “ဗလ ရဲထင်”သည် လက်တွန့်၍ သွားလေ၏။   လက်မတွန့် သူကိုမှသာ  ရွေးချယ်သဖြင့်  ငယ်ကျွန်မှာ လိုက်ပါ ခွင့်မရသဖြင့် ရှက်ကာ သတ္တိရှိကြောင်းကို ဗိုက်ကို ဓားမြှောင်ဖြင့်ခွဲ   အူကိုဆွဲထုတ်၏။  သျှင်ရဲထွတ် လက်ထဲသို့ အူစကိုအပ်၍ ပြေးလေ၏။ အူဆုံးသည် နှင့် ဗလရဲထင်  လဲ၍သေဆုံးလေသည်။ ဤသည်ကို ကြည့်၍ တပင်ရွှေထီးက ပြုံးပြုံးလေးဖြင့် အထက် ပါ  စကားကို မိန့်ကြား၍ “မိုက်ရူးရဲ” နှင့် “သတ္တိ” ကို  ခွဲခြားပြခဲ့ပေသည်။ ရှက်စိတ်ကြောင့် အသက် စွန့်ခြင်း မည်သော်လည်း သတ္တိရှိသူကားမဟုတ်။   ထို့အတူ ဉာဏ်ဖြင့်မယှဉ်ဘဲ စိတ်ထင်တိုင်း လုပ်တာ၊ ပတ်ဝန်းကျင်က မြှောက်ပေး၍   လုပ်မိတာ၊  သူများ  မိုးခါးရေသောက်လို့ လိုက်လုပ်တာများသည်လည်း   သတ္တိမမည်ပါ။    ဗလရဲထင်ကဲ့သို့   အသက်သာ သေသွားမည့် မိုက်ရူးရဲအဖြစ်   ဘဝကိုအဆုံးသတ် ပေလိမ့်မည်။ 

 


ပင်လုံမှာ ပွင့်လန်းသည့် သတ္တိ


ပင်လုံတွင် သစ္စာပြုခဲ့ကြသည့်  တိုင်းရင်းသား ခေါင်းဆောင်တို့သည် ဘာလုပ်ရမည်၊ ဘာလုပ်သင့် သည်တို့ကို   ကွဲပြားစွာသိ၏။   မလုပ်သင့်တာက ဘာဆိုတာလဲ ဉာဏ်ပညာဦးဆောင်ကာ ပိုင်းခြား နိုင်ခဲ့ကြသည်။   ပြီးနောက်   လုပ်ရမည့်အလုပ်ကို ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင် ရွက်နိုင်ခဲ့ကြ၏။ “ဒီအစည်းအဝေးကြီးမှာ ကျွန်တော် တို့ အချင်းချင်းတွေ မတည့်အောင် ခြေထိုးခံသူတွေ ရှိကြောင်းကို    သိပါတယ်။   ယင်းသို့     ရှိပေမယ့် ကျွန်တော်တို့ “မအ” ကြပါဘူး။ ကျွန်တော်တို့လိုလား တဲ့    လွတ်လပ်ရေးပန်းတိုင်ကို   အသက်နဲ့လဲပြီး ဆွတ်ခူးမယ်ဆိုတာ ယုံကြည်ပါ” ဟု ပင်လုံ အစည်း အဝေးဥက္ကဋ္ဌ တောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်း ဆိုင်၏ စကားက သက်သေခံနေပါသည်။ 

 


လုပ်သင့်လုပ်ထိုက်သည်ကို နားလည်သဘော ပေါက်၍   လုပ်ကြမည်ဆိုသည့်  သတ္တိအပြည့်ဖြင့် ပြောဆိုခဲ့သည့်   စကားဖြစ်ပါသည်။  တောင်တန်း သည် မြေပြန့်နှင့်အတူ   လွတ်လပ်ရေး   မဖြစ်မနေ ယူမှဖြစ်မည်။ ချန်ထားလျှင် တောင်တန်းသားများ ကျွန်သက် ဆက်ရှည်မည်ကို  ကြိုတင်၍ ကွဲကွဲပြား ပြားမြင်ကြ၏။ ဗြိတိသျှတို့က ဒိုမီနီယံ အဆင့် ကောင်းကြောင်းဖြင့် ထပ်မံသွေးခွဲသေး၏။ ကျွန်ဖြစ် စဉ်က ပြည်မနှင့်  အတူတူအသိမ်းပိုက်ခံ  ကျွန်ဘဝ ရောက်ခဲ့ရ၏။   လွတ်လပ်ရေးပေးရမည်ဆိုတော့ တောင်တန်းဒေသများကို ချန်နေခဲ့ရန် မဖြစ်နိုင်ပေ။ ဗိုလ်ချုပ်အောင်ဆန်းကလည်း   “လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ၊ မည်သူ့ကိုမျှ  သူတို့က  လာမေးလျှင် တောင်တန်းသားတို့လည်း လွတ်လပ်ရေးကို လိုချင် ကြောင်း၊ ခြောက်လျှင်လည်း မကြောက်ကြနဲ့၊ ချော့ လျှင်လည်း မပျော့ကြနဲ့၊ တောင်တန်းသားတို့သည် မြန်မာပြည်မကဲ့သို့   တန်းတူအခွင့်အရေး   လိုချင် ကြောင်း ပြောရမယ်” ဟု လုပ်သင့်သည့် သွေးစည်း သတ္တိစကားကိုသာ ဆို၏။ တောင်တန်းဒေသကို ချန်ထားမှုကို မလိုချင်။ အတူ လွတ်လပ်ရေးရချင်၏။ ပညာပြည့်ဝကြသည့် ခေါင်းဆောင်ပိုင်းက ဘာလုပ် ရမည်ကို ပြတ်ပြတ်သားသား မြင်၏။ ခွဲခြားနိုင်ခဲ့၏။ ပြီးတော့ လုပ်ဆောင်ခဲ့ကြသည်။ 

 


ပင်လုံမြေမှာ  တိုင်းရင်းသားခေါင်းဆောင်များ မလုပ်သင့်၊ မလုပ်အပ်သည့်  သွေးခွဲကိုလိုနီဝါဒကို ရှောင်ရှားနိုင်ခဲ့သည်။   ဒိုမီနီယံအဆင့်ကိုလည်း ဘေးဖယ်ထားခဲ့သည်။   လုံးဝမလိုချင်ပါ။   သတ္တိ ကင်းသည့် သူမိုက်များ၏ နောက်သို့ မလိုက်ခဲ့ကြပေ။ လုပ်သင့်တာကို စွဲစွဲမြဲမြဲလုပ်ပြီး၊ မလုပ်သင့်တာကို ရဲရဲရင့်ရင့်ရှောင်ကာ တိုင်းရင်းသား ခေါင်းဆောင် များ၏      သတ္တိကို    ပင်လုံမြေမှာ     ထွန်းတောက် ပြောင်မြောက်စွာ ပြသခဲ့ကြသည်။ 

 


ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ 
တာဝန်ကျေပွန်လိုသည့် ကြောက်စိတ်


“ကြောက်စိတ်”  ဟု   ဆိုလိုက်လျှင်  မလုပ်ရဲ၊ မကိုင်ရဲ၊ မတိုက်ရဲ၊ မခိုက်ရဲ၊ မရင်ဆိုင်ရဲ၊ အရှုံးပေး ခြင်း၊ ထွက်ပြေးခြင်းဟုသာ မြင်ကြသုံးနှုန်းကြသည်။ ပြီးတော့ ကြောက်စိတ်ကို တာဝန်သိစိတ်၊ တာဝန်ယူ လိုစိတ်၊  တာဝန်ကျေလိုစိတ်နှင့်   မဆက်စပ်ခဲ့ပေ။ တကယ်တော့  ကြောက်စိတ်သည်လည်း   တာဝန် ကျေပွန်လိုသည့်   သတ္တိတစ်မျိုးပါပဲ။   မြန်မာစာပေ လောကမှာ   ထင်ရှားခဲ့သည့်   ဆရာမကြီး  ဒေါ်ခင် မျိုးချစ်သည်   ဂျပန်ခေတ်ကာလတွင်    ဂျပန်တော် လှန်ရေးနှင့်ဆိုင်သည့်   လျှို့ဝှက်စာများကို ပို့ပေးရ ပါသည်တဲ့။ အဲဒါကို သိသည့်လူများက “အဲဒီတုန်းက ဂျပန်တွေမိသွားပြီး    ဆရာမကြီးကို   သတ်မှာ၊ မကြောက်ဘူးလား” ဟု  မေးကြပါသည်။ 

 


ဆရာမကြီး၏   မြန်မာတိုင်းရင်းသားတိုင်း၏ ရင်ထဲနှလုံးထဲမှာ    စွဲကျန်ခဲ့သည့်    အဖြေက “ဂျပန် သတ်လို့ သေမှာကြောက်ပါတယ်။ ဒါပေမယ့် သေမှာ ထက် ခေတ်တစ်ခေတ်မှာ ကိုယ့်ရဲ့ပခုံးပေါ် ရောက် လာတဲ့    သမိုင်းပေးတာဝန်ကို   မကျေပွန်မှာကို ပိုကြောက်လို့ပါ” တဲ့။ ဆရာမကြီး  အဖြေက  ခေတ် တစ်ခေတ်မှာ နိုင်ငံသားတစ်ဦးအနေဖြင့်      လုပ်သင့် လုပ်ထိုက်ပြီး လုပ်ကိုလုပ်ရမည့်အလုပ်ကို “တာဝန် သိစိတ်” “တာဝန်ယူလိုစိတ်” “တာဝန်ကျေပွန်လို စိတ်” အပြည့်ဖြင့်  လုပ်ခဲ့ခြင်းသည်  သတ္တိပါပဲဟု   ပြဆိုလိုက်ခြင်းပါ။

 


ပင်လုံမြေက ကြောက်စိတ်


ပင်လုံဆွေးနွေးပွဲကို တက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ထိုအချိန် က “ခေါင်းဆောင်များ ညီညီညွတ်ညွတ်ဖြင့် သူတို့ ကိုယ်စား   လွတ်လပ်ရေးကို     ကြိုးပမ်းကြလျှင် အောင်မြင်မည်” ဟု ယုံကြည်စွာ ယခုအစည်းအဝေး ပွဲကြီးသို့   တိုင်းရင်းသားပြည်သူများက   သူတို့ ကိုယ်စားလွှတ်လိုက်ကြ၍     တက်ရောက်ခဲ့ကြ သူများ ဖြစ်ကြပါသည်။ ယင်းခေါင်းဆောင်များသည် ပင်လုံကိုရောက်တော့   အမျိုးမျိုးသော   သပ်လျှို သွေးခွဲမှုများဖြစ်သည့် “ဒိုမီနီယံအဆင့် ယူပါလား” “ဗိုလ်ချုပ်ရုပ်ကို ကြည့်ပါလား၊ ဂျပန်စိတ် မပျောက် သေးဘူး။ တော်ကြာ ခင်ဗျားတို့  ဖက်ဆစ်လက်အောက် ရောက်သွားမှာ” “အောင်ဆန်း - အက်တလီ စာချုပ် အသိအမှတ် မပြုရေး” စသည့်  သွေးခွဲမှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရပေသည်။  ထိုအခါ  တောင်တန်း သည် ပြည်မနှင့်  အတူတကွ  လွတ်လပ်ရေးမရမှာ စိုးရိမ်လာကြသည်။ အတူ လွတ်လပ်ရေး မယူဖြစ်မှာ၊ ဒေသခံတိုင်းရင်းသားများ၏ သူတို့ထံ အပ်နှံခဲ့သည့် ယုံကြည်မှု ပျက်ပြားမှာနှင့်   တိုင်းရင်းသားလူထုက ပေးအပ်လိုက်သည့်  တာဝန်မကျေမှာ  စိုးကြောက် လာကြသည်။ 

 


တာဝန်သိစိတ်၊    တာဝန်ကျေချင်စိတ်များက သူတို့အား  လမ်းမှန်ပေါ်တွန်းပို့ခဲ့သည်။  သွေးခွဲဝါဒီ တို့၏ ညွှန်ပြခဲ့သည့် လမ်းမှားအဖုံဖုံကို  ကျော်ဖြတ် ကာ  “တောင်တန်းပြည်မ     အတူတကွ    လုံးဝ လွတ်လပ်ရေးကတိပြု ပင်လုံစာချုပ်” ကို ချုပ်ဆိုနိုင် ခဲ့သည်။  စာချုပ်ချုပ်ဆိုပြီးသည့်   နောက်ပိုင်းတွင် လည်း   ဗြိတိသျှပါလီမန်အမတ်    ရီးစ်ဝီလီယံ ဦးဆောင်သည့်    “တောင်တန်းဒေသ    စုံစမ်းရေး ကော်မရှင်” ကို    ထပ်မံဖွဲ့စည်း၍     သွေးခွဲရေးနှင့် ကိုလိုနီအဖြစ်    ဆက်လက်နေစေရေး    ဆွဲဆောင် မေးခွန်းများဖြင့်    ပြည်ထောင်စုကွဲသွားအောင် တစ်နည်းအားဖြင့်   ပင်လုံစာချုပ်   ပျက်စီးစေရန် ဆောင်ရွက်ကြသေးသည်။ ပင်လုံစာချုပ် ရေးထိုးရာ တွင် မပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များကလည်း ပင်လုံခေါင်းဆောင် ကြီးများနည်းတူ   “ပင်လုံသစ္စာ”   ကို    ရီးစ်ဝီလီယံ ကော်မရှင်အား  ထပ်မံ  အတည်ပြုပေးခဲ့ကြသည်။ သို့မှသာ ပင်လုံလက်မှတ်ထိုးခေါင်းဆောင်ကြီးများ ၏ တာဝန်မကျေမှာ စိုးရိမ်စိတ်  ကြောက်စိတ်သည် လွင့်ပျောက် ခဲ့ပေသည်ဟု ယူဆမိပါသည်။ 

 


ငြိမ်းချမ်းမှု ပြည့်လျှမ်းသည့် ဒီမိုကရေစီ


ပြည်ထောင်စုတိုင်းရင်းသားများ   လက်ခံ ကျင့်သုံးနေသည့်   ဒီမိုကရေစီသည်   သွေးခွဲဝါဒ၊ သပ်လျှိုဝါဒ မဟုတ်ပေ။ အထူးသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို   ဖြိုခွဲရန်မဟုတ်။   ထို့အတူ တိုင်းရင်းသားများ၏ ပြည်ထောင်စုနှင့် ယဉ်ကျေးမှု၊ ဘာသာတရား   ဖျက်ဆီးရန်လည်း   မဟုတ်ခဲ့ပေ။ မြန်မာတိုင်းရင်းသားများ၏   လက်ထဲမှ   အဆိုပါ ကျင့်စဉ်သည်     အကောင်းမြင်ဝါဒကို   အခြေခံ၏။ ပြည်ထောင်စုငြိမ်းချမ်းမှုကို ပေးစွမ်းသည့် ဓမ္မလွှမ်း ရန်   ဖြစ်ပေသည်။  အဓမ္မနှင့်   ဆူပူမှု၊    သွေးကွဲမှု ချုပ်ငြိမ်းစေရန်ဖြစ်သည်။    တိုင်းရင်းသားများ၏ ရှိပြီးသား စည်းလုံးမှု၊ ညီညွတ်မှုကို ပိုမိုခိုင်မာစေရန် ဖြစ်သည်။   ဒီမိုကရေစီသည်   လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအတွက်  ကျင့်သုံးရမည့်  ကန့်သတ် ဘောင်ရှိ၏။ စည်းကမ်းရှိ၏။ စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ မဟုတ်ပေ။   ဥပဒေဘောင်အတွင်းက    ဖြစ်၏။ တိုင်းရင်းသားမျိုးဆက်သစ်များ၏ အိမ်မှာ၊ ကျောင်း မှာ၊ ရပ်ထဲ၊ ရွာထဲ၊ လုပ်ငန်းခွင်၊ အဖွဲ့အစည်းအတွင်း ဒီမိုကရေစီကို  ကျင့်သုံးလျှင်   မြန်မာတိုင်းရင်းသား လူ့အဖွဲ့အစည်းက  လက်ခံထားသည့်  စည်းမျဉ်း၊ စည်းကမ်း၊ လူ့ ကျင့်ဝတ်နှင့် ဥပဒေဘောင်အတွင်းက သာ  ဒီမိုကရေစီကျင့်စဉ်ကို  ကျင့်သုံးဆောင်ရွက် ရပေမည်။ 

 


ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြောင့် မြန်မာ တို့၏ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည်  လုံးဝ အပျက်စီးခံ၍ မဖြစ်ပါ။ မြန်မာပြည်တွင်းရှိ အင်စတီ ကျူးရှင်းများ၊   ဝန်ထမ်းများ၊   ပါတီများအကြား၊ မိသားစုကြား၊ မိတ်ဆွေများအတွင်း မည်သို့သော အခြေအနေကြောင့် သွေးစည်းမှု မပျက်စီးသင့်ပါ။ 

 


အရေးကြီးဆုံးမှာ ကျစ်လျစ်ခိုင်မာစွာ ထောင်စုနှစ် သုံးစုအနီးသို့  ချဉ်းကပ်လာသည့်    သံဃာ့အဖွဲ့ အစည်းသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြောင့် အက်ကြောင်းကွဲတာမျိုး လုံးဝမဖြစ်သင့်ပါ။ ကွဲကြ၊ ပြဲကြ၊   ပြိုပျက်ကြခြင်းသည်   ပင်လုံမျိုးဆက်သစ် တိုင်းရင်းသားများ လက်ခံကျင့်သုံးရမည့် ဒီမိုကရေစီ ၏ အနှစ်သာရမဟုတ်။ ဒီမိုကရေစီ လူ့အခွင့်အရေး အရေခြုံသည့်  သင်းခွဲသူမျိုးဖျက်များ၏    ဝါဒသာ ဖြစ်ပါလိမ့်မည်။ 

 


မြန်မာတိုင်းရင်းသားများအနေဖြင့်   ဘိုးစဉ် ဘောင်ဆက်    ခိုင်မြဲလာသည့်   ရွှေမှန်ကင်းအစစ် “တစ်အူထုံ့ဆင်း ညီရင်းမောင်နှမ စိတ်ထား” (Nati-onal Spirit) ဆိုတာက   “ဒီမိုကရေစီ”   နှင့် “လူ့အခွင့်အရေး” ဆိုတာထက် မနှိုင်းယှဉ်အပ်အောင် မြင့်မားကြောင်း ပညာဉာဏ်နှင့်ယှဉ်၍ မြင်တတ်ဖို့ လိုပါသည်။   ဒီမိုကရေစီနှင့်   လူ့အခွင့်အရေးကို တိုင်းရင်းသား နိုင်ငံသား လူတော်လူကောင်းစစ်စစ် (Good Citizen) များက ပြည်ထောင်စုငြိမ်းချမ်းမှု၊ စည်းလုံးမှုနှင့်   မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးမှုအတွက် အသုံးချရပါလိမ့်မည်။ လက်တွေ့လည်း  ကျင့်သုံး နေပါသည်။ တန်ဖိုးမဲ့ သွေးခွဲဝါဒီ ကိုလိုနီလက်သစ် တွေကတော့ ခေတ်၏ သည်းခြေကြိုက် ဒီမိုကရေစီ နှင့်  လူ့အခွင့်အရေးကို  သပ်လျှိုဆောင်ပုဒ်အဖြစ် သုံးကာ စည်းလုံးညီညွတ်မှု ယိုင်နဲ့အောင် လုပ်တာ ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ရပါလိမ့်မည်။ 

 


ရွှေမှန်ကင်းအစစ်ကို ထင်းဖြစ်အောင် လုပ်ကာ တိုင်းရင်းသားများ၏ ရတနာအစစ် “လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှု” တို့ကို ပြာဖြစ်အောင် မီးရှို့ခံ၍ မဖြစ်ပါ။ ခေတ်သစ်မြန်မာ့ သမိုင်း၏   စိန်ရတုတိုင်ခဲ့သည့်  “တစ်အူထုံ့ ဆင်း ညီရင်းမောင်နှမ စိတ်ဓာတ်” ပျက်ယွင်းသည်အထိ မင်းသားခေါင်းမျက်နှာဖုံးကို တပ်ကာ သွေးခွဲဘီလူး၊ ခေတ်သစ်ကိုလိုနီဝါဒီသမားများက ဖျက်ကြမှာကို ပညာသတိဖြင့်  တွန်းလှန်ရပါလိမ့်မည်။  အပေါ်ယံ မင်းသားမျက်နှာဖုံးကို  နှစ်သက်မှု  မပြုကြပါနှင့်။ ကြိုက်မိလျှင် အစားခံ၊ အဝါးခံ ရပါလိမ့်မည်။ အကာ နှင့် အနှစ်၊ အတုနှင့် အစစ်ကို ခွဲခြားနိုင်သည့် ဉာဏ် ပညာဖြင့်ယှဉ်သည့် သတ္တိရှိရမည်။ ပညာဉာဏ်ဖြင့် ချွန်းအုပ်နိုင်ရမည်။ 

 


“သွေး” နှင့် “ရေ” ဘယ်အရာက ပိုတန်ဖိုးကြီးပါသလဲ


အထက်ပါ မေးခွန်းကို ဗုဒ္ဓဘာသာဝင် တိုင်းရင်း သားအားလုံး  သိပြီးသားမေးခွန်း  ဖြစ်ပါလိမ့်မည်။ ကောလိယနှင့်   ကပ္ပိလဝတ်ပြည်တို့   ရောဟီဏီ မြစ်ရေအတွက် စစ်ခင်းရန်လာသည်ကို မြတ်ဗုဒ္ဓ၏ အထက်ပါ မေးခွန်းကြောင့် စစ်မဖြစ်ခဲ့ပေ။ နှစ်ပြည် ထောင်သည် သာကီဝင် အမျိုးများဖြစ်ကြသည်။ သူတို့သည် ရိုးရိုး “သွေး” နှင့် “သွေးချင်း” တန်ဖိုးကို အလေးထားခဲ့ကြသည်။   သွေးသည်   အသက် ဖြစ်ကြောင်း သိကြ၏။ သွေးမှ ဆင်းသက်လာသည့် “သွေးသားရင်းချာ”   သည်လည်း   “အသက်တမျှ” အရေးကြီးကြောင်း  ဉာဏ်ဖြင့်ယှဉ်၍  သိခဲ့ကြ၏။ အလေးထားရန်လည်း    လိုအပ်ပေသည်။   တခြား တန်ဖိုးများသည် သွေးသားရင်းချာလောက် အရေး မပါတော့ပေ။ 

 


မြန်မာတိုင်းရင်းသားမောင်နှမများ၏ ဦးနှောက် အတွင်း စီးဆင်းလည်ပတ်နေသည့် “သွေးသားရင်း ချာ” သွေးကို ရေအဆင့်လောက်ပင် အဆင့်မရှိသည့် သွေးခွဲအရည်များဖြစ်သည့်   ဒီမိုကရေစီ၊   လူ့အခွင့် အရေး၊ တန်းတူညီမျှမှုတို့ဖြင့် ရောနှောကာ “သွေး” တန်ဖိုးပျက်အောင် လုပ်ကြပါလိမ့်မည်။ သွေးတန်ဖိုး ကျဆင်းလာလျှင် အမျိုးသားစည်းလုံးမှု၊ သွေးစည်း မှုပြိုကွဲနိုင်ပါသည်။   တိုင်းရင်းသားမျိုးဆက်သစ် များအနေဖြင့်  မိမိတို့အကြား တန်ဖိုးအမြင့်ဆုံးဖြစ် သည့် “သွေးချင်း”   တန်ဖိုးကို  ဉာဏ်နှင့်ယှဉ်ကာ မြင်အောင်ကြည့်သင့်ပါသည်။ ပြီးလျှင် ရေရောမှုကို သတ္တိရှိရှိ ရှောင်ရှားနိုင်ရပါမည်။  

 


မျိုးဆက်သစ် တိုင်းရင်းသားတို့ 
ပိုင်ဆိုင်ရမည့် သတ္တိနှင့်ကြောက်စိတ်


တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူသည် မွေးရာပါ အခွင့်အရေးအဖြစ် အလိုအလျောက် နိုင်ငံ သားဖြစ်လာသည်။   တိုင်းရင်းသားမှဖြစ်သည့် နိုင်ငံသားဖြစ်ပါသည်။   မွေးရာပါအခွင့်အရေးအရ လည်းကောင်း၊  ဥပဒေပါ  ပြဋ္ဌာန်းချက်များကြောင့် လည်းကောင်း နိုင်ငံသားများတွင် ထမ်းဆောင်ရမည့် တာဝန်ကတော့  အတူတူပင်ဖြစ်သည်။  ယင်းတို့ အနက်မှ အရေးကြီးဆုံးတာဝန်ကား ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရန် ဆက်လက်စွမ်းဆောင်နေရခြင်းပါ။ 
ထို့အတူ နောက် မျိုးဆက် တိုင်းရင်းသားအားလုံး မလွဲမသွေ  ထမ်းဆောင်ရန်  သတ္တိလည်း ရှိရမည်။ ကြောက်စိတ်လည်း ရှိရမည်။ ယင်းမှာ “ယခင်မျိုး ဆက် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ခိုင်ခိုင် မာမာ တည်ဆောက်ခဲ့သည့် ပြည်ထောင်စုကြီးကို ပြိုကွဲအောင်မလုပ်ခြင်း (သို့မဟုတ်) ပြည်ထောင်စု ပြိုကွဲရန် အလုပ်မှန်သမျှကို ရှောင်ရှားရဲသည့် သတ္တိ နှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သည့်သတ္တိ များ ဖြစ်ပါသည်။  ဆိုလိုသည်မှာ  မလုပ်သင့်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု    ပြိုကွဲအောင် ရှောင်ရှားနိုင်သော သတ္တိပါ။ လုပ်သင့်သည့် စည်းလုံး ညီညွတ်မှုကို  ဆက်ပြီး  လုပ်ရမှာလည်း သတ္တိပါပဲ။ ထို့အတူ ခေတ်သမိုင်းက တိုင်းရင်းသားများ၏  ပခုံး ပေါ်ကျလာသည့် သမိုင်းပေးတာဝန်ကို မကျေပွန်မှာ ကြောက်တတ်ရတာလည်း သတ္တိပါပဲ။ အထူးသဖြင့် ပြည်ထောင်စုပြိုကွဲမှာနှင့်   တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပျက်သုဉ်းမှာကို  ကြောက်တတ်ရပါလိမ့်် မည်။ 

 


ပင်လုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ဉာဏ်ပညာ နှင့်ယှဉ်၍   လုပ်သင့်လုပ်ထိုက်တာနှင့်   မလုပ်သင့် မလုပ်ထိုက်တာကို ကွဲကွဲပြားပြားမြင်အောင် ကြည့် နိုင်ခဲ့သည်။  လက်မရွံ့ဘဲ  လုပ်သင့်သည့်  စည်းလုံးမှု ကို လုပ်ခဲ့ကာ သမိုင်းတွင် မော်ကွန်းရေးထိုးခဲ့ကြ သည်။  မလုပ်သင့်   မလုပ်အပ်သည့်    သွေးခွဲမှုကို ဦးဆောင်နေသည့်   ပညာမဲ့များနောက်သို့   ခြေဦး မလှည့်ခဲ့ပေ။ ဉာဏ်ပညာဦးဆောင်မှုဖြင့်  ဆောင် ရွက်မှု (သို့မဟုတ်) ပင်လုံသတ္တိ၏ ပထမဆုံးရလဒ် ကား “ပြည်ထောင်စုသွေးစည်းမှု”နှင့် ယင်း၏နောက် ဆက်တွဲရလဒ်ကား “ပြည်ထောင်စု လွတ်လပ်ရေး” ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ဉာဏ်ပညာဦးဆောင်၍ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့သည့် လုပ်ရပ်များ ကြောင့် မြန်မာတိုင်းရင်းသားများ၏ ရေရှည်အကျိုး စီးပွားကို    ဖြစ်ထွန်းစေခဲ့သည်။   လွတ်လပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံဟု ကမ္ဘာ့အလယ်ဝင့်ထည် ခဲ့သည်။

 


ယနေ့ မြန်မာတိုင်းရင်းသားမျိုးဆက်များအနေဖြင့်  “စောင့်လေမျိုးနွယ်”  တာဝန်ကို  မဖြစ်မနေ ထမ်းဆောင်ရပါမည်။ ပင်လုံတိုင်းရင်းသား  ခေါင်း ဆောင်များ၏ “ပင်လုံသတ္တိ” နှင့် “ပင်လုံကြောက် စိတ်” ကို မျိုးဆက်အမွေအဖြစ် ဆက်ခံစောင့်ထိန်း ရပါမည်။ ထိုကောင်းမွေကို  ဆက်ခံနိုင်ရန်  ဉာဏ် ပညာဖြင့်ယှဉ်သည့် သတ္တိပိုင်ရှင်များ ဖြစ်ရမည်။ 

 


ပင်လုံမျိုးဆက် သတ္တိပိုင်ရှင်များ၏ ခေတ်သမိုင်း က ပခုံးပေါ်တင်ပေးသည့် တာဝန်ကား “ပြည်ထောင် စု သွေးစည်းခိုင်မြဲမှု” ကို   တည်တံ့အောင်  ဖွံ့ဖြိုး အောင်  ဆက်လက်ဆောင်ရွက်ရန်ပင် ဖြစ်ပါသည်။ အဆိုပါတာဝန်ကို  မည်သည့်အရာနှင့်မျှ   မလဲနိုင် သည့် သတ္တိပိုင်ရှင်များ  ဖြစ်ရပါမည်။ သွေးစည်းမှုကို ဖြိုခွဲသူများ၏ အရေခြုံထားမှုများကိုလည်း ပညာနှင့် ယှဉ်၍ မြင်အောင်ကြည့်နိုင်သူများ ဖြစ်ရပါမည်။ ထို့ အတူ  ပြည်ထောင်စုပြိုကွဲမှာကို   စိုးရိမ်စိတ်ကြီး သူ၊  ထိုတာဝန်ကို မကျေပွန်မှာ ကြောက်တတ်ပြီး ကာကွယ်နိုင်သည့်   ပညာနှင့်ယှဉ်သည့်    သတ္တိ ပိုင်ရှင်များ ဖြစ်ရပါမည်။ ပြီးလျှင် ပြည်ထောင်စုနှင့် တိုင်းရင်းသားစည်းလုံးမှုကို   ဖြိုခွဲမည့်   မျိုးဖျက် များကို ပြတ်သားစွာ တိုက်ထုတ်နိုင်ရပါလိမ့်မည်။ သို့မှသာ  ပင်လုံမျိုးဆက်ပီသကာ  ပြည်ထောင်စုကို တည်တံ့ခိုင်မြဲအောင်နှင့်  ဖွံ့ဖြိုးအောင်   ဆက်လက် ထိန်းသိမ်းပေလိမ့်မည်။ ဤကဲ့သို့ သတ္တိမျိုးကို ပင်လုံ မျိုးဆက်များ   ပိုင်ဆိုင်ကြပြီဆိုလျှင်  “သွေးစည်းမှု ပင်လုံသစ္စာ” သည်လည်း  စိန်ရတုပေါင်းများစွာဆီသို့ ပျော်ရွှင်ငြိမ်းချမ်းစွာ ဆက်လက်ချီတက်နေဦးမည် ဟု    ယုံကြည်ပါကြောင်း   ရေးသားတင်ပြအပ်ပါ သည်။      ။
 
ကျမ်းကိုး     


    (၁)    ဇော်ဂျီ (၂၀၀၂)  ပလေးတိုး နိဒါန်း  (စတုတ္ထ အကြိမ်)
(၂)     လယ်တီပဏ္ဍိတ    ဦးမောင်ကြီး   (အမ်အေ) (၂၀၁၃) တပင်ရွှေထီး ဝတ္ထုတော်ကြီး (ဒုတိယ အကြိမ်)
(၃)    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ်  (၁၉ ၆၅)  တိုင်းရင်းသားလူမျိုးများ၏  အရေးနှင့်   ပတ်သက်၍ တော်လှန်ရေးကောင်စီ၏ အမြင် နှင့် ခံယူချက် (ဒုတိယအကြိမ်)