နျူကလီးယားလက်နက်များ ကင်းမဲ့သော ကမ္ဘာကြီးတစ်ခုဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် ကတိပြု

 

နယူးယောက်   ဒီဇင်ဘာ   ၂


နျူကလီးယားလက်နက်တားမြစ်ပိတ်ပင်ရေး ကုလ သမဂ္ဂသဘောတူစာချုပ်ပါ  နိုင်ငံများမှ  ကိုယ်စား လှယ်များသည် ခြိမ်းခြောက်မှုများ မြင့်တက်လာ သော်လည်း နျူကလီးယားလက်နက်များ ကင်းမဲ့ သော   ကမ္ဘာကြီးတစ်ခုဖော်ဆောင်ရေး    ကြိုးပမ်း အားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ 


နျူကလီးယားလက်နက်တားမြစ်ပိတ်ပင်ရေးသဘောတူစာချုပ်အဖွဲ့ပါ     နိုင်ငံများ၏   ဒုတိယ အကြိမ် အစည်းအဝေးကို ဒီဇင်ဘာ  ၁  ရက်တွင် အဆုံးသတ်ခဲ့သည်။ နယူးယောက်ရှိ ကုလသမဂ္ဂရုံး ချုပ်၌  ငါးရက်ကြာအစည်းအဝေး၏   နောက်ဆုံး ရက်တွင် နိုင်ငံရေးကြေညာချက်တစ်ခုကို အစည်း အဝေးတက်ရောက်သူများက အတည်ပြုခဲ့ကြောင်း သိရသည်။ 


အဆိုပါ    ကြေညာချက်တွင်   နျူကလီးယား လက်နက်များ ခေတ်မီလာမှုနှင့် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ   မြင့်တက်လာမှုကြောင့်    နျူကလီး ယားအန္တရာယ်ပိုမိုဆိုးရွားလာမည်ကို    စိုးရိမ်မိ ကြောင်း ဖော်ပြထားသည်။ ထို့အပြင် နျူကလီး ယားလက်နက်ကို အသုံးပြုမှု သို့မဟုတ် ခြိမ်းခြောက် မှုမှန်သမျှကို    နိုင်ငံတကာဥပဒေချိုးဖောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုနှင့် လုံခြုံရေးကို ထိပါး စေကြောင်းလည်း ဖော်ပြထားသည်။ 


ထိုကဲ့သို့သော ချဉ်းကပ်မှုများကို စွန့်လွှတ်ပြီး နျူကလီးယားတားမြစ်ရေး သဘောတူစာချုပ်တွင် ပါဝင်ကြရန် အဆိုပါကြေညာချက်က နိုင်ငံအားလုံး ကို တိုက်တွန်းထားသည်။ အဆိုပါ အစည်းအဝေးကို နိုင်ငံနှင့် ဒေသပေါင်း ၅၉ ခု တက်ရောက်ခဲ့ပြီး ၃၅ နိုင်ငံက လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြကြောင်း သိရသည်။ ဂျပန်နိုင်ငံက အဆိုပါ အစည်းအဝေးတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။  

                                                                     
ဆင်ဟွာ