နတ်တလင်းမြို့နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် မင်းခန့်ကျော် ခြွေလှေ့စက်လုပ်ငန်း

 

တွေ့ဆုံမေးမြန်း - လဲ့ဝါမြင့်(IPRD)၊ ဓာတ်ပုံ- ဝေယံဖြိုး(နတ်တလင်း)

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို  အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ  ပဲခူးတိုင်း ဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် မင်းခန့်ကျော်ခြွေလှေ့စက်  ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးကျော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-


မေး    ။    ။    မင်းခန့်ကျော် ခြွေလှေ့စက်လုပ်ငန်းကို   ဘယ်အချိန်က             စတင်လုပ်ကိုင်ဖြစ်တာလဲ။
ဖြေ    ။     ။    ခြွေလှေ့စက်လုပ်ငန်းစတင်လုပ်ကိုင်ခဲ့တာကတော့ ၂၀၀၉            ခုနှစ်မှာ လုပ်ကိုင်ခဲ့ပါတယ်။ စတင်လုပ်ကိုင်ခဲ့တဲ့ ၅နှစ်၆နှစ် လောက်ကတော့ တစ်လုံးစ နှစ်လုံးစ လုပ်ကိုင်ခဲ့ရပြီးတော့ ခုနောက် ပိုင်းမှာတော့ တဖြည်းဖြည်း အလုပ်တွေ ပိုမိုတွင်ကျယ်လာခဲ့ပါတယ်။


မေး    ။     ။    လုပ်ငန်းဆောင်ရွက်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်လေးလည်း             သိပါရစေ။
ဖြေ။     ။     လုပ်ငန်းဆောင်ရွက်ဖြစ်ပုံကတော့    ပထမပိုင်းတုန်းက             ကျွန်တော်တို့ ဟိုတုန်းက စက်ကလေးတွေနဲ့ ခြွေကြတော့ အလေအလွင့် ဆုံးရှုံးမှုတွေများတာပေါ့။ အဲဒီလိုနဲ့ ကျွန်တော်တို့လည်း ခြွေလှေ့စက်ကောင်းကောင်း အလေအလွင့်နည်းမယ်။ တင်းရေကျနှုန်း ကောင်းမယ် တစ်နေ့ကို ပြီးတဲ့နှုန်းက မြန်မယ့်ဟာမျိုးကို တီထွင်ပြီး တော့ ထုတ်လိုက်တာပေါ့။ နောက်ပိုင်းကျတော့ စက်တွေက ပိုပြီး တော့ အဆင့်မြင့်လာတယ်။ တောင်သူတွေအနေနဲ့လည်း အလေ အလွင့်ကင်းကင်းလည်း ခြွေရတယ်။ တင်းကျနှုန်းလည်း တော်တော် ကို မြန်ပါတယ်။


မေး    ။     ။    ခြွေလှေ့စက် အမျိုးအစား ဘယ်နှမျိုးလောက် ထုတ်လုပ်            ရောင်းချပါသလဲ။
ဖြေ    ။     ။    ခြွေလှေ့စက်အမျိုးအစားအနေနဲ့ကတော့ လေးမျိုးလောက်             ထုတ်ပြီးတော့    ပြောင်းဖူးခြွေစက်သီးသန့်၊  အတောင့် ခြွေစက်သီးသန့်   အပင်နဲ့ခြွေတဲ့   ပဲမျိုးစုံပေါ့။  စပါးကစပြီးတော့  အကုန်လုံးခြွေလို့ရပါတယ်။ မျိုးစုံခြွေလို့ရမယ့်စက်လည်း ထုတ်ပါတယ်။


မေး    ။     ။    ခြွေလှေ့စက်ဖြန့်ချိနေတဲ့ အခြေအနေနဲ့ ရောင်းအားအခြေ            အနေကိုလည်း သိပါရစေ။
ဖြေ    ။     ။    ခြွေလှေ့စက်ဖြန့်ချိတာကတော့  တစ်နိုင်ငံလုံးကို  မှာတဲ့            နေရာ နေရာဒေသမရွေး အရောက်ပို့စနစ်နဲ့ ပို့ပြီးတော့ လိုက်လံပြီးတော့လည်း စမ်းသပ်ပေးပါတယ်။ တစ်နှစ်ကို တောင်သူတွေ ခြွေမယ့်ရာသီ နှစ်ရာသီခြွေမယ်ဆိုလည်း နှစ်ရာသီ စပါးခြွေမယ်ဆိုလည်း လိုက်စမ်းပေးတယ်။ မတ်ပဲခြွေမယ်ဆိုလည်း လိုက်စမ်းပေးတယ်။ ပဲငါးပိအပါအဝင်    ပဲမျိုးစုံခြွေတဲ့အခါတိုင်းမှာ   တာဝန်ယူပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။    ရောင်းအားအနေနဲ့ကတော့ ခုနောက်ပိုင်းဆိုရင် ပိုပြီးတော့သိသိသာသာ ရောင်းအားကောင်းလာ ခဲ့ပါတယ်။


မေး    ။    ။    ကုန်ကြမ်းစုဆောင်းရရှိမှု   အခြေအနေလေးလည်း သိပါ ရစေ။
ဖြေ    ။     ။    ကုန်ကြမ်းကတော့ ကျွန်တော်တို့   ရန်ကုန်နဲ့    ပြည်မြို့            ကနေပြီး အဓိကထားပြီးတော့ အများဆုံးမှာယူရပါတယ်၊၊


မေး    ။     ။    လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်း သိပါရစေ။
ဖြေ    ။     ။    လုပ်ငန်းဆောင်ရွက်ပုံကတော့      အကြမ်းထည်ကနေ            စရတာပေါ့။   သံပြားတွေဆိုရင်လည်း  ကိုယ်လိုချင်တဲ့ အတိုင်းအတာ စက်ရဲ့ပေအရှည်ပေါ်လိုက်ပြီးတော့ ဖြတ်ရပါတယ်။ နောက်တစ်ဆင့်   ကိုယ်လိုချင်တဲ့အတိုင်းအတာ   ခေါက်ရပါတယ်။ အဲဒါပြီးသွားတော့မှ အဖုံးတည်ဆောက်ပြီး ဝရိန်တို့တဲ့ အကန့်ကို ပို့ရ ပါတယ်။   သံဖရိန်အပိုင်းကျတော့လည်း  ဖရိန်ကို  ကိုယ်လိုချင်တဲ့ အတိုင်းအတာဖြတ်တောက်ပြီးတော့   ဖရိန်ဆင်တဲ့ဘက်ကို  ပို့ရပါ တယ်။ အဲဒီနောက်မှာတော့ အဆင့်ဆင့် နောက်ဆုံးဆင်တဲ့သူကပဲ လက်စသတ်ရတာပေါ့။


မေး    ။     ။    လက်ရှိလည်ပတ်နေတဲ့ အလုပ်သမားဦးရေလေးလည်း  သိပါရစေ။
ဖြေ    ။    ။    လက်ရှိလည်ပတ်နေတဲ့      အလုပ်သမားဦးရေကတော့             လောလောဆယ် ၁၅ ဦးလောက် ရှိပါတယ်။


မေး    ။     ။    လက်ရှိလုပ်ငန်းအတွက် တွေ့ကြုံနေရတဲ့ အခက်အခဲလေး            လည်း သိပါရစေ၊၊
ဖြေ    ။     ။    လုပ်ငန်းအခက်အခဲကတော့       ကျွန်တော်တို့အနေနဲ့             အလုပ်သမားလိုအပ်နေတဲ့အခက်အခဲရယ် ရင်းနှီးမြှုပ်နှံမှု အပိုင်းကျတော့လည်း ငွေရေးကြေးရေးကဏ္ဍမှာ ပစ္စည်းဈေးတွေတက် တဲ့အခါကျတော့ အခက်အခဲလေးတွေရှိတာပေါ့။


မေး    ၊၊     ။    စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်မယ့် လူငယ်တွေအတွက် အကြံပြုစကားလက်ဆောင် ပြောပေးပါဦး။
ဖြေ    ။     ။    လူငယ်တွေ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်တော့မယ်            ဆိုရင်   မိမိစတင်လုပ်ကိုင်မယ့်   လုပ်ငန်းအကြောင်းကို တစိုက်မတ်မတ် စနစ်တကျ စေ့စပ်သေချာစွာ လေ့လာသင်ယူပြီးတော့ လုပ်ငန်းကနေရရှိလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အောင်မြင် အောင် ကြိုးစားစေလိုကြောင်း အကြံပြုပြောကြားလိုပါတယ်။ 


မေး    ။     ။    နိုင်ငံတော်ကအခုလို MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရာမှာ မင်းခန့်ကျော် ခြွေလှေ့စက် လုပ်ငန်းအနေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ် ဆောင်ရွက် နေမှုကိုလည်း သိပါရစေ။
ဖြေ    ။     ။    ကျွန်တော်တို့ မင်းခန့်ကျော် ခြွေလှေ့စက်လုပ်ငန်းဟာဆိုရင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းမှာ မှတ်ပုံတင်ထားရှိပြီးတော့ နိုင်ငံတော်ကနေ MSMEချေးငွေ ထုတ်ချေးပေးတဲ့အတွက် လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ ပိုပြီးတော့ အဆင်ပြေစွာ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ပြီး မြို့နယ်မှာရှိတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ကိုင်နေပါတယ်။