နတ္တလင်းမြို့နယ် တောင်ညိုဆည်အတွင်း ငါးမျိုးများစိုက်ထည့်

 

ပဲခူး  ဩဂုတ်  ၂၃


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  ဆည်တမံ ကန်များအတွင်း  ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊  ငါးရိက္ခာဖူလုံ စေရေးနှင့်  ဒေသတွင်းရေလုပ်သား များ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက် စေရန်    ရည်ရွယ်၍   နတ္တလင်း မြို့နယ် တောင်ညိုဆည်အတွင်းသို့ အုတ်ဖိုငါးလုပ်ငန်းစခန်းမှ   သား ဖောက်ထုတ်လုပ်သော ၂ လက်မ အရွယ်     ငါးမြစ်ချင်းသားပေါက် ကောင်ရေ   ၆၀၀၀၀ နှင့်   ငါးခုံးမ ကြီးသားပေါက်ကောင်ရေ၆၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၂၀၀၀၀ အား     မျိုးစိုက်ထည့်ခဲ့ သည်။  (ယာပုံ)
အဆိုပါ   ငါးမျိုးစိုက်ထည့်ပွဲသို့ နတ္တလင်း​မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေး    စီမံခန့်ခွဲမှုဦးစီး ဌာနမှ   ဦးစီးအရာရှိ  ဦးသက်ဆွေ ဝင်းနှင့်   ဆည်မြောင်းဝန်ထမ်းများ၊ မင်းလှမြို့နယ်    ငါးလုပ်ငန်းဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး  ဦးဖြိုးဝေ လင်းနှင့်ဝန်ထမ်းများ၊      အုတ်ဖို ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုး သီတာနှင့် ဝန်ထမ်းများ၊   ဒေသခံ ပြည်သူများ    ပါဝင်စိုက်ထည့်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်