နဖားကြူး(ခ)အမြီးဝိုင်း ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးသွားမည်

 

နေပြည်တော်   နိုဝင်ဘာ   ၁၆


ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန၊   မြန်မာ့စာတိုက် လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက    မြန်မာနိုင်ငံ၌သာကျက်စားသည့်    ဒေသရင်း ငှက်မျိုးစိတ်အဖြစ်မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထား သည့်   မြန်မာ့ဒေသရင်း   “နဖားကြူး(ခ)အမြီးဝိုင်း” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ (၂၃) ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၀၉:၃၀) နာရီအချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊  ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီး များတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။

 


အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် နိုဝင်ဘာ  ၂၃ ရက်တွင်ဝယ်ယူသော   စာပို့တံဆိပ်ခေါင်းများပေါ်တွင်   နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်