ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး

နေပြည်တော်    နိုဝင်ဘာ    ၁၁


ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်   ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့်အဖွဲ့အား ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ    မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရေးကိစ္စ၊    ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်း အထောက်အထားများ နှစ်နိုင်ငံ အသိအမှတ် ပြု၍ ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ခွင့်ပြုရေးဆိုင်ရာကိစ္စ၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းဆိုင်ရာ COWIN Platform အား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ အိန္ဒိယ နိုင်ငံမှ  COVAXIN  ကိုဗစ်-၁၉ ကာကွယ်ဆေးကို WHO က အရေးပေါ်အသုံးပြုရန်အတွက် အသိအမှတ် ပြုပြီးဖြစ်ပါ၍   မြန်မာနိုင်ငံမှ   အသိအမှတ်ပြု ကာကွယ်ဆေးစာရင်းတွင် ထည့်သွင်းနိုင်ရေးကိစ္စ၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများဖြင့်လည်းကောင်း၊    နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုအရ       လှူဒါန်းပေးထားသော ကာကွယ်ဆေးများဖြင့်လည်းကောင်း မြန်မာနိုင်ငံ တွင်း National Vaccine Deployment Plan အရ ထိုးနှံပေးလျက်ရှိသည့်ကိစ္စ၊ ကျန်းမာရေးဝန်ကြီးဌာန မှ အထူးကုဆရာဝန်များ အိန္ဒိယနိုင်ငံသို့ စေလွှတ် ပညာသင်ကြားရေးဆိုင်ရာကိစ္စ၊  မြန်မာနိုင်ငံတွင် State-of-the-Art ဆေးရုံတည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ ဆွေးနွေးကြကြောင်း သိရသည်။      

သတင်းစဉ်